Wednesday, October 1, 2008

စက်ကြီး ( ၁၃ ) ပါး ဂါထာမန္တာန်တော်

၁။ သြောင်း-တရာ့ရှစ်ကွက် ဗုဒ္ဓစက်
၂။ တဆယ့်လေးချက် ဓမ္မစက်
၃။ တဆယ့်ရှစ်ချက် သံဃာ့စက်
၎။ လရောင်ဝင်းလျင် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်
၅။ မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်
၆။ ဂုဏ်အင်ကျေးဇူး အထူးသိလျက် ဆရာ့စက်
၇။ ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်
၈။ မိုးကြိုးလက်နက် သိကြားစက်
၉။ လောင်မီးကျလျက် နတ်တို့စက်
၁၀။ ဘွဲ့ဖြူလက်နက် ဘီလူးစက်
၁၁။ တောင်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်
၁၂။ အာခံတွင်းက ၀င်းဝင်းတောက်လျက် နဂါးစက်
၁၃။ သုံးထောင်သင်္ချာ ဟေ၀န္တာမှာ အာဏာစိုးလျက် သီဟစက်
စက်ကြီးတဆယ့်သုံးပါး, ရွတ်သံကြားက, ဘေးများမြင်မှု, မကောင်းစုတို့, ဝေးကကြဉ်ရှောင်, အောင်စေတတ်သည်, မြတ်သည့်ဆရာ ပညာတည်း။
သြောင်း-နမော ဗုဒ္ဓါနုဘာဝေန
သြောင်း-နမော ဓမ္မာနုဘာဝေန
သြောင်း-နမော သံဃာနုဘာဝေန
သြောင်း-ဒူရေ ဒူရေ သွား-ဟုံဟုံ။

စက်ကြီး ( ၁၃ ) ပါး ဂါထာမန္တာန်တော် ရွတ်ဆိုရခြင်းအကျိုး
စက်ကြီး ၁၃-ပါး ဂါထာမန္တာန်တော်ကို နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက်ပွားများ စေပါသည်။ ကျရောက်ဆဲ ကျရောက်လတံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေစေပါသည်။ ထို့ပြင် အမိ အဘ ဆရာသမား-စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။
ဤဂါထာမန္တာန်တော်ကို ကုန်းလမ်း ရေလမ်း လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်၊ ယင်းဂါထာမန္တာန်တော်ကို ရွတ်ဆိုပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအ၀င် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ တစုံတခု ကြုံလာသည့်တိုင် ၄င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြပါလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့်သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။

၂၀၀၈-သြဂုတ် ရောင်ပြန်မဂ္ဂဇင်းမှ

No comments: