Friday, October 3, 2008

မိတ်ဆွေကောင်း မိတ်ဆွေမြတ် အင်္ဂါ ၇-ပါး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ ၇-ပါးတို့ကို ဟောတော်မူခဲ့သည်။
ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ ၇-ပါးရှိသည်၊ ယင်းတို့မှာ-
၁။ သူတပါးတို့ပေးနိုင်ရန် ခက်ခဲသောအရာဝတ္ထုတို့ကို ပေးတတ်၏။
၂။ သူတပါးတို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသောအရာ၌ သည်းခံတတ်၏။
၎။ မိမိ၏လျှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်၏။
၅။ အဆွေခင်ပွန်း၏ လျှို့ဝှက်သောအမှုကိစ္စကို လျှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစားမပြု၊ တတ်အားသမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ၇-ပါးနှင့် ပြည့်စုံသော မိတ်ကောင်း ဆွေကောင်းကို ပေါင်းသင်းဆည်းကပ်ထိုက်၏-ဟု ဟောတော်မူသည်။
( အင်္ဂုတ္တရ၊ သတ္တကနိပါတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ် )

No comments: