ဘုံအထွေထွေ
ပုံသေမရှိ
နွေးဦးခါတွင်
လွင့်ဝါကြွေကျ
သစ်ရွက်ဘ၀သို့
ဂတိမမြဲ
သံသာထဲဝယ်
တ၀ဲလည်လည်
ဆုံလည်သည့်နွား
ရဟတ်ခြားသို့
ကွဲပြား ကိုယ်ဟန်
သွင်သဏ္ဍာန်ကို
ဉာဏ်ဖြင့်ရှုမျှော်
ဆင်ခြင်ပါသော်
သြော်-ဘ၀ပရိယာယ်
အသွယ်သွယ်ပါတကား။
( ဓမ္မဗျူဟာ ၂၀၀၈-ခုနှစ် စက်တင်ဘာလ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment