Sunday, October 12, 2008

ခါးနာ ဒူးနာ မခက်ပါ

ခါးနာ ဒူးနာ ဖြစ်ခဲ့သော်
ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊
၎င်းဘဲဥကို ကုန်အောင် စားသုံးရမည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
( ဦးမျိုးတင့်-မော်လမြိုင် )
သြဂုတ်လ ၂၀၀၈-နက္ခတ္တရောင်ခြည်။

3 comments:

reallove said...

တော်တော်လေးကိုဗဟုသတရစေပါတယ်ဗျာ
ကျွန်တော်က သူများနိုင်ငံမှာရောက်နေတာဆိုတော့
တစ်ချို့ဆေးနည်းတွေကြတော့ ရှာလို့မရဘူးဗျာ
ကျွန်တော့်မှာ ဝေဒနာတစ်ခုခံစားနေရပါတယ်
အဒါကတော့ ကျွန်တော့်ခြေထောက် ဘယ်ဖတ် ခြေဖ၀ါး ခြေဖခုံပေါ့ အဒီတစ်ခုလုံးက ယောင်လာပြီဆိုရင် တော်တော်လေးအခံရခတ်ပါတယ်ဗျာ..ပြီတော့ ယောက်တာများလို့ တအားဖောင်းလာပြီဆိုရင်တော့ နည်းနည်းယားပါတယ်..ဒါပေမယ့် ကိုက်တာခဲတာတောမရှိပါဘူးဗျာ..လမ်းပဲလျှောက်လို့မရတာပါ..ဒါကလဲယောင်တာများလို့ ဖောင်းပြီတောလျှောက်လို့မရတာပါ..ဖြစ်တာဘယ်လောက်ကြာပြီလဲဆိုတော့ ၅ နှစ် ၆ နှစ်လောက်ကြာပါပြီ..စဖြစ်ခါစတုန်းက ၃လနေတစ်ခါလောက်တော့ပြန်ပြန်ယောင်ပါတယ် အခုနောက်ပိုင်းတော နည်းနည်းစိပ်လာပါတယ် ..၂လတစ်ခါ ၁ လတစ်ခါလောက်ဖြစ်လာပါတယ်...ဘာနဲမှလဲမထိခိုက်မိပါဘူး ဘာကောင်မှလဲမကိုက်ခံခဲ့ဖူးပါဘူး အဒီခြေထောက်ကို နောက် ဒဏ်လဲမဖြစ်ဖူးပါဘူး...သွေးကြလို့လဲမဟုတ်ပါဘူး ကျွန်တော်အမျိုးမျိုးစမ်းကြည့်ပြီပါပြီ ဒီလောက်ဖြစ်တာနှစ်ကြာနေတော့ကျွန်တော်လဲအမျိုးမျိုး စမ်းဖူးပြီးပါပြီ...မြန်မာဆရ၀န်နဲ့လဲပြဖူးပါတယ် အင်ဂလိပ်ဆရာဝန်နဲလဲပြဖူးပါတယ်...ဘာမှတော့မထူးခြားပါဘူးဗျာ..ပုံမှန်အတိုင်းပြန်ရောင်လာပါတယ် သူများပြုစားတာလားလို့ ပယောဂ ဆရာနဲလဲစစ်ပြီပါပြီ...သွေမှင်လေမှင်လာလို့လဲ သက်ကြီးရွယ်အိုတွေရဲ့နည်းနဲ့လဲ လုပ်ဖူးပါပြီ ပုံမှန်တိုင်းပြန်ယောင်လာတာပါပဲ...ဒါနဲ့ကျွန်တော်လဲစိတ်တွေတော်တော်ညစ်နေရပါပြီ...အယောင်ပြန်ကြတဲ့အချိန်ဆိုတော်တော်နေရတာကောင်းပါတယ်..ပြန်ယောင်တာတော့မယ်ဆိုသိသာတယ်ဗျ..ညအိပ်တာနဲသူက အချက်ပြနေပြီ ယောင်လာဖိုအတွက် တင်းလာတယ်ခြေထောက်က ဆားနဲပွတ်တာတွေ ငပိရိုးနဲလုပ်တာတွေ ဆီမန်းင်္တေ စုံနေပါပြီဆရာတစ်ယောက်ကတော့ပြေားဖူးပါတယ် ဒီလိုဖြစ်နေတာသူက ဆင်ခြေထောက်တဲ့ အစားတွေရှောင်ခိုင်းပါတယ် အစုံပါပဲ အသားတွေ ဥတွေပဲတွေပေါ့ ကျွန်တော်လဲရှောင်ကြည့်ပါတယ် နောက်တောလဲပြန်ဖြစ်တာပဲဗျာ တစ်ခါ အွန်လိုင်းမှာဖတ်လိုက်ရပါတယ်..သူက ရေထားတာက ကျွန်တော်ဖြစ်တာနဲ့ခပ်ဆင်ဆင်ပါပဲ.. နောက်ဆုံးလုပ်ရမှာက ရိုးတွင်းချဉ်ဆီကိုစစ်ရမယ်ဆိုလားပဲ..ဂေါက်ရောဂါလိုလိုဘာလိုပဲဗျာ ကျွန်တော်လဲရူးချင်နေပြီဒီလောက်နှစ်တွေကြာနေပြီ ဒီခြေထောက်ကတော်တော်လေးကိုဒုက္ခပေးတယ်ဗျာ...နည်းလမ်းလေးများရှိရင် ကူညီကြပါနော် ကျေးဇူးတင်ပါတယ်ဗျာ...ထိရောက်မယ်နည်းလမ်းလေးပေးကြပါတစ်ခါထဲပျောက်သွားအောင်ပါ..

Rr said...

အဓိပ္ပာယ်လုံးဝမရှိတဲ့ဆေးနည်းပဲ။

Unknown said...

ကျန်းမာရေးကိစ္စကိုသိချင်ရင် ကျန်းမာရေးweb တွေမှာ ပဲရှာဖတ်သင့်တယ် ပြီးမှချင့်ချိန်ပီး အသုံးပြုသင့်တာပေါ့