ပဋိစ္စသမုပ္ပါဒ် ရှစ်လုံးဘွဲ့ မြန်မာဂါထာ
၁။ စက္ခုဓာတ်မ ရူပဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်စက္ခု မြင်မှု ဖိုဖို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၂။ သောတ ဓာတ်မ သဒ္ဒဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်သောတ ကြားကြထိုထို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၃။ ဃာနဓာတ်မ ဂန္ဓဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်ဃာန နမ်းကြထိုထို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၎။ ဇိဝှါဓာတ်မ ရသဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်ဇိဝှ လျက်ကြထိုထို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၅။ ကာယဓာတ်မ ဖေဋ္ဌဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်ကာယ တွေ့ကြထိုထို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၆။ မနောဓာတ်မ ဓမ္မဓာတ်ဖို ။
ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။
ဝိညာဉ်မန သိကြထိုထို ။
တိဏ္ဏံဖေဿာ သဘောအလို ။
၇။ ဖဿဓာတ်မင်း အရင်းထူထောင် ။
ဝေဒနာမီး ထိန်ညီးတပြောင် ။
ဝေဒနာစက် စဉ်ဆက်သူဆောင် ။
တဏှာခြောက်ပါး ပေါက်ပွားလေအောင် ။
၈။ တဏှာမီးပွင့် ကြီးရင့်ကုံလုံ ။
ဥပါဒါန်လေး အရေးတပုံ ။
ဥပါဒါန်မျိုး တန်ခိုးဖုံဖုံ ။
ဘ၀ကြီး အပြီးပေါ်ရတုံ ။
၉။ ဘ၀ရှိလို့ ဇာတိပေါ်သည် ။
လေးဖြာသန္ဓိ ဇာတိအမည် ။
ဇာတိမူလ သူစပြန်ပြီ ။
ဇရာယိုယွင်း အိုမင်းတလီ ။
၁၀။ နာခြင်း သေခြင်း မကင်းနိုင်ချေ ။
ပဋိစ္စဓာတ် ရဟတ်ဘုံဗွေ ။
စိုးရိမ်ပူဆွေး ငိုကြွေးထွေထွေ ။
ဒုက္ခစက် ရတက်ပူလို့ပွေ ။
၁၁။ ၀ဋ်ခင်းညွတ်ကွင်း လွတ်ကင်းလိုလျှင် ။
နာမ်ခဲ ရုပ်ခဲ ချုပ်လဲပြုပြင် ။
သူပဲ ကိုယ်ပဲ ဖြိုခွဲထင်မြင် ။
ဥဒယ ရှုကြဉာဏ်သို့ထင် ။
၁၂။ ၀ိဇ္ဇာဉာဏ်စက် သန်လျက်ကိုကိုင် ။
မောဟပိတ်ဆီး ရိပ်ကြီးဂနိုင် ။
ဒိဋ္ဌိခိုသော ထိုတောကိုချိုင် ။
အမှန်သိ သန္တိဘုံသို့တိုင် ။
No comments:
Post a Comment