မြတ်စွာဘုရား ဟောကြေားသော တရားကို ကြားနာ ကျင့်သုံးခွင့် မရဘဲ အခွင့်ကောင်းမှ လက်လွတ်ဆုံးရှုံးသူ ရှစ်မျိုးကို ရပ်ပြစ်ရှစ်ပါး သင့်သူများ-ဟု ဆိုပါသည်၊ ၄င်းတို့မှာ---
၁။ မြတ်စွာဘုရားပွင့်ချိန်၌ ငရဲသို့ ရောက်နေသူ
၂။ မြတ်စွာဘုရားပွင့်ချိန်၌ တိရစ္ဆာန်ဘ၀သို့ ရောက်နေသူ
၃။ မြတ်စွာဘုရားပွင့်ချိန်၌ ပြိတ္တာဘ၀သို့ ရောက်နေသူ
၎။ မြတ်စွာဘုရားပွင့်ချိန်၌ အသိစိတ်ကင်းမဲ့၍ ရုပ်ခန္ဓာချည်းသာ ရှိသော အသညသတ် ဗြဟ္မာဖြစ်နေသူ
၅။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ခြင်း မရှိသည့် ပစ္စန္တရာဇ်
အရပ်၌ လူဖြစ်နေသူ
၆။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ရာ မဇ္ဈိမဒေသ-အရပ်၌
လူဖြစ်သော်လည်း လွဲမှားသော မိစ္ဆာဒိဋ္ဌိ-အယူ ရှိနေသူ
၇။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ရာ မဇ္ဈိမဒေသ-အရပ်၌
လူဖြစ်သော်လည်း ဆွံ့အသူ၊ နားမကြားသူ၊ အကောင်းအဆိုးကို နားမလည်နိုင်အောင် ထုံထိုင်းသူ ဖြစ်နေသူ
၈။ မဇ္ဈိမဒေသအရပ်၌ ကိုယ်အင်္ဂါ ချို့တဲ့မှုမရှိဘဲ အကောင်းအဆိုးကို နားလည်သောလူ ဖြစ်လာသော်လည်း မြတ်စွာဘုရား ပွင့်ချိန်မဟုတ်၍ မြတ်စွာဘုရား၏ တရားကို ကြားနာခွင့်မရသူတို့ ဖြစ်ပါသည်။
မြတ်စွာဘုရား ပွင့်ချိန်တွင် မဇ္ဈိမဒေသအရပ်၌ အကောင်းအဆိုးကို နားလည်သောလူ ဖြစ်လာသူကား ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်၍ အခွင့်ကောင်းရသူ ဖြစ်ပါသည်။
( အံ-အဋ္ဌကနိပါတ် အက္ခဏသုတ် )
Friday, October 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment