Wednesday, December 10, 2008

ကျင့်ပုံ လေးမျိုး

ရဟန်းတို့ ကျင့်ပုံ လေးမျိုးရှိ၏။
၁။ သည်းမခံခြင်းဟူသော အကျင့်
၂။ သည်းခံခြင်းဟူသော အကျင့်
၃။ ဆုံးမခြင်းဟူသော အကျင့်
၎။ ငြိမ်းစေခြင်းဟူသော အကျင့်

၁။ ဤလောက၌ အချို့သောသူသည် မိမိအား ဆဲရေးသောသူကို ပြန်၍ဆဲရေး၏၊
မိမိအား ထိပါးသောသူကို ပြန်၍ထိပါး၏၊
မိမိအား ပုတ်ခတ်သောသူကို ပြန်၍ပုတ်ခတ်၏၊
ဤကား သည်းမခံခြင်းဟူသော အကျင့်တည်း။

၂။ ဤလောက၌ အချို့သောသူသည် မိမိအား ဆဲရေးသောသူကို ပြန်၍မဆဲရေး၊
မိမိအား ထိပါးသောသူကို ပြန်၍ မထိပါး၊
မိမိအား ပုတ်ခတ်သောသူကို ပြန်၍မပုတ်ခတ်၊
ဤကား သည်းခံခြင်းဟူသော အကျင့်တည်း။

၃။ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကိမြင်သောအခါ ယောက်ျား မိန်းမဟူသော သဏ္ဍာန်နိမိတ်ကို စွဲယူလေ့မရှိ၊
မျက်လုံးမျက်ဖန်စသော အင်္ဂါ၊ ပြောပုံ ဆိုပုံ စသော အမူအရာလက္ခဏာကို စွဲယူလေ့မရှိ၊
မျက်စိဣနြေ္ဒကို မစောင့်လျှင် တပ်မက်မှု စိတ်မချမ်းသာမှု ဟူသော ယုတ်မာသောတရားတို့ နှိပ်စက်ခံရမည်ဖြစ်သောကြောင့် မျက်စိဣနြေ္ဒကို စောင့်စည်း၏။

နားဖြင့် သဒ္ဒါရုံကို ကြားသောအခါ
နှာခေါင်းဖြင့် ဂန္ဓာရုံကို နံသောအခါ
လျှာဖြင့် ရသာရုံကို စားသောအခါ
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိသောအခါ
စိတ်ဖြင့် ဓမ္မာရုံကို သိသောအခါ သဏ္ဍာန်နိမိတ်ကို စွဲယူလေ့မရှိ၊ အနုစိတ် အင်္ဂါနှင့် အမူအရာလက္ခဏာကို စွဲယူလေ့မရှိ၊
နားဣနြေ္ဒ၊ နှာခေါင်းဣနြေ္ဒ၊ လျှာဣနြေ္ဒ၊ ကိုယ်ဣနြေ္ဒ၊ စိတ်ဣနြေ္ဒကို မစောင့်စည်းလျှင် တပ်မက်မှု စိတ်မချမ်းသာမှု ဟူသော ယုတ်မာသော တရားတို့ နှိပ်စက်ခံရမည်ဖြစ်သောကြောင့် နားဣနြေ္ဒ နှာခေါင်းဣနြေ္ဒ လျှာဣနြေ္ဒ ကိုယ်ဣနြေ္ဒ စိတ်ဣနြေ္ဒကို စောင့်စည်း၏၊
ဤကား ဆုံးမခြင်းဟူသော အကျင့်ပင်တည်း။

၎။ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမ၀ိတက် ( ကာမဂုဏ်နှင့်စပ်သော တွေးတောမှု )ကို လက်သင့်မခံ၊ ပယ်စွန့်၏၊ ဖျောက်ပစ်၏၊ ငြိမ်းအောင်လုပ်၏၊ ကင်းအောင်လုပ်၏၊ နောက်ထပ်မဖြစ်အောင် လုပ်၏။
ဖြစ်ပေါ်လာသော ဗျာပါဒ၀ိတက် ( သူတပါး ပျက်စီးရာ ပျက်စီးကြောင်းနှင့် စပ်၍ တွေးတောမှု ) ကို
ဖြစ်ပေါ်လာသော ၀ိဟိံသ၀ိတက် ( သူတပါးကို ညှဉ်းဆဲခြင်းနှင့် စပ်သော တွေးတောမှု ) ကို
ဖြစ်ပေါ်လာသော အကုသိုလ် အယုတ်တရားတို့ကို လက်သင့်မခံ၊ ပယ်စွန့်၏၊ ဖျောက်ပစ်၏၊ ငြိမ်းအောင်လုပ်၏၊
ကင်းအောင်လုပ်၏၊ နောက်ထပ်မဖြစ်အောင် လုပ်၏၊
ဤကား ငြိမ်းစေခြင်းဟူသော အကျင့်ပင်တည်း။
( စတုကဋ္ဋအင်္ဂုတ္တိုရ် စတုတ္ထ ပဏ္ဏာသက၊ ၂-ပဋိပဒါဝဂ်၊ ၄-ပထမ ခမသုတ်။ )

No comments: