Tuesday, September 30, 2008

အလှူ-မတူ လူ-မတူ

နံပါတ်တစ် အလှူက
ကံကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ် ( ကမ္မဿကတာဉာဏ် ) လဲ ရှိတယ်၊ ဒါ့ထက် အဆင့်မြင့်မြင့် ပြောမယ်ဆိုရင် ရုပ်နာမ်ဓမ္မတို့ရဲ့ အဖြစ်, အပျက်ကိုမြင်တဲ့ ၀ိပဿနာဉာဏ် ရှိတယ်၊ မလှူခင်လဲ ဒီအလှူနဲ့ပတ်သက်လို့ ကုသိုလ်စိတ်တွေ ဖြစ်နေတယ်၊ လှူပြီးပြန်တော့လဲ အဲဒီအလှူနဲ့ ပတ်သက်လို့ ကုသိုလ်စိတ်တွေ ဖြစ်နေတယ်၊ အဲဒီလို အလှူ (တိဟိတ်ဥက္ကဋ္ဌအလှူ) က တမျိုး။
အဲဒီလို အလှူမျိုးကို လှူတဲ့အတွက် ဒီဒါနရဲ့ အစွမ်းသတ္တိကြောင့် နောင်ဘ၀မှာ လူလာဖြစ်ရင် ဉာဏ်ရှိတဲ့လူသား (တိဟိတ်ပုဂ္ဂိုလ်) ပဲ လာဖြစ်တယ်၊
ဉာဏ်ရှိတဲ့လူသားဟာ တရားအားထုတ်ရင်လဲ ဈာန်တရား မဂ်တရား ဖိုလ်တရား ရနိုင်တယ်၊ ပညာသင်မယ် စီးပွားရှာမယ်ဆိုရင် တထွာပြရင် တလံလောက်မြင်တဲ့ လူသားမို့ ပညာတတ်မယ်၊ စီးပွားဖြစ်မယ်၊ ဉာဏ်ရှိတဲ့ လူသားအတွက် လောကီ လောကုတ် ဘာပဲလုပ်လုပ် အဆင်ပြေတယ်။


နံပါတ်နှစ် အလှူက
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ် (ကမ္မဿကတာဉာဏ်)တော့ ရှိပါရဲ့၊ ဒါပေမယ့် မလှူခင်မှာလဲ အဲဒီအလှူနဲ့ ပတ်သက်လို့ အကုသိုလ်တွေ ဖြစ်နေတယ်၊ လှူပြီးပြန်တော့လဲ အဲဒီအလှူနဲ့ပတ်သက်လို့ အကုသိုလ်တွေ ဖြစ်နေ တယ်၊ အဲဒီလိုအလှူ (တိဟိတ်သြမကအလှူ) က တမျိုး။
ဒီလိုအလှူမျိုးကို လှူတဲ့အတွက် ဒီအလှူရဲ့အစွမ်းသတ္တိကြောင့် နောင်ဘ၀မှာ လူလာဖြစ်ရင် ဉာဏ်မရှိတဲ့လူသား (ဒွိဟိတ်ပုဂ္ဂိုလ်) ပဲ လာဖြစ်မယ်။
္ကဉာဏ်မရှိတဲ့လူသားဆိုရင်တော့ တရားအားထုတ်ရာမှာ ဈာန်တရားတောင် မရနိုင်ဘူး၊ မဂ်တရား ဖိုလ်တရားဆိုတာ ဝေးရော့။


နံပါတ်သုံး အလှူက
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ် (ကမ္မဿကတာဉာဏ်) မရှိဘူး၊ ကြွားချင်လို့ လှူတာ၊ ထင်ပေါ်ကျော်ကြားချင်လို့ လှူတာ၊ ဒါပေမဲ့ မလှူခင်မှာရော လှူပြီးတော့ပါ အဲဒီအလှူနဲ့ပတ်သက်လို့ ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အလှူ (ဒွိဟိတ်ဥက္ကဋ္ဌအလှူ) က တမျိုး။
ဒီလိုအလှူမျိုးကို လှူရင်တော့ ဒီအလှူရဲ့ အစွမ်းသတ္တိကြောင့် နောင်ဘ၀မှာ လူလာဖြစ်ရင် ဉာဏ်မရှိတဲ့လူသား (ဒွိဟိတ်ပုဂ္ဂိုလ်) ပဲ လာဖြစ်မယ်၊ ဉာဏ်မရှိတဲ့ လူသားဆိုရင်တော့ ဒီဘ၀မှာ တရားဘယ်လို အားထုတ် အားထုတ် တရားမရနိုင်ပါဘူး။


နံပါတ်လေး အလှူက
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ် (ကမ္မဿကတာဉာဏ်)လဲ မရှိဘူး၊ ထင်ပေါ်ကျော်ကြားချင်လို့ လှူတာ၊ ကြွားချင်လို့ လှူတာ၊ သူများလှူလိုပ လှူတာ၊ မလှူခင်မှာရော၊ လှူပြီးတော့ပါ အဲဒီအလှူနဲ့ပတ်သက်လို့ အကုသိုလ်တွေ ဖြစ်နေတဲ့အလှူ (ဒွိဟိတ်သြမကအလှူ)က တမျိုး။
ဒါမျိုးအလှူက ထင်ပေါ်ကျော်ကြား ကြွားချင်လို့လှူတာဖြစ်တဲ့အတွက်္ကာဏ်မရှိတာတော့ သေချာတယ်၊ ပြီးတော့ အလှူပွဲအတွက် ၀က်သားကျွေးဖို့ ၀က်မွေးထားတတ်တယ်၊ ၀က်မမွေးတောင် ၀က်သားကို ကြိုတင် မှာထားတတ်တယ်၊ ဒါက မလှူခင် အကုသိုလ်၊ ကြွားချင်လို့လှူတာဖြစ်တဲ့အတွက် ငွေချေးငှါးရတယ်၊ အကူငွေကို မျှော်ရတယ်၊ အလှူပြီးလို့ အကူငွေကလဲမရ၊ အကြွေးကလဲ မကျေတော့ သောကဖြစ်ရတယ်၊ ဒါက အလှူပြီးတော့ အကုသိုလ်၊ ဒါမျိုးအလှူက အညံ့စားအလှူပဲ၊
ဒီလိုအလှူမျိုးကို လှူရင်တော့ ဒီအလှူရဲ့ အစွမ်းသတ္တိကြောင့် နောင်ဘ၀မှာ လူလာဖြစ်ရင် လူစဉ်မမီတဲ့လူသား (သုဂတိအဟိတ်ပုဂ္ဂိုလ်)ပဲ လာဖြစ်မယ်၊ လူစဉ်မမီတဲ့လူသားဆိုရင် အရာရာမှာ အောက်တန်းကျလို့ မျက်နှာငယ် ရတယ်၊ ဘာသာရေးလဲ ဉာဏ်မမီ၊ လူမှုရေး မကူညီနိုင် ဖြစ်တတ်ပါတယ်၊ မလှူတတ်လို့ လူစဉ်မမီတဲ့ လူသားဖြစ်ရတာ နာပါတယ်၊ လူစဉ်မမီတဲ့လူသားဟာ အရာရာမှာ ပင်ပန်းလှပါတယ်။။

ကြိုး

ခိုင်းနွားလျှင်
တိုင်တွင်ကွယ့် ချည်ရိုး။

ကြိုး-ဆရာ
ခိုင်စွာထုံးတော့တယ်
သုံးလွန်းတင်-ကြိုး။

ဆိုးသမျှ
ဒေါသကွယ့် တလွန်းတင်
မောဟလျှင် ၀င်ကာရစ်
ကျစ်လစ်စွာပင်။

လိုလောဘ နွယ်အမျှင်
လိမ်ကာဝင် တမျိုး။

သံသရာ
တိုင်မှာ ရုန်းမရအောင်
များသူငါ
ရင်မှာထုံးကြတယ်----ကွယ်
သုံးလွန်းတင်-ကြိုး။



မောင်မြတ်သိ ( မန်းမြေ )

၂၀၀၅-ဇူလိုင်လ ဓမ္မရတနာ-မှ

ကုသိုလ်-ကောင်းမှု

ရတနာသုံးပါးနှင့် စပ်လျဉ်းသော ကိစ္စရပ်များ, သာသနာရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဆောင်ရွက်မှသာ ကုသိုလ်ကောင်းမှု-ဟု မထင်မှတ်စေလိုပါ၊ ယင်းသို့ ထင်မှတ်လျှင် ကုသိုလ်ကောင်းမှု၏ အနက်အဓိပ္ပါယ်သည် ဘောင်ကျဉ်းသွားပေလိမ့်မည်၊ မိမိကို အကြောင်းပြု၍ လူတဦးတယောက်၏ အခက်အခဲ ပြေလည်သွားလျှင် ယင်းသည် ကုသိုလ်ကောင်းမှုပင်၊ အစာငတ်နေသော တိရစ္ဆာန်တကောင် မိမိကြောင့် ၀မ်းဝသွားလျှင် ယင်းသည်လည်း ကုသိုလ်ကောင်းမှုပင်၊ မိမိ၏နေရာဝန်းကျင် လူသွားလမ်းတို့မှ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း သည်လည်း ကုသိုလ်ကောင်းမှုပင်။
ကုသိုလ်ကောင်းမှုအတွက် အဓိကအရင်းအနှီးမှာ ငွေကြေး-မဟုတ်၊ နှလုံးသားထဲက သန့်စင်မွန်မြတ်သော စေတနာကောင်း-ပင်ဖြစ်၏၊ စေတနာကောင်းဟူသော အရင်းအနှီးသာ ရှိပါက ကုသိုလ်ကောင်းမှုကို ကောင်းစွာပြု နိုင်ပါသည်၊ ငွေကြေးဖြင့် လှူဒါန်းမှသာ ကုသိုလ်ကောင်းမှု-ဟု ယူဆနေခြင်းသည် ကုသိုလ်ကောင်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် သဘောမပေါက်သောကြောင့် ဖြစ်ပါသည်၊ အတွေးအခေါ် မကျယ်ပြန့် မဖွံ့ဖြိုးသောကြောင့်သာ ဖြစ်ပါသည်။
မိမိအသက်ရှင်နေသမျှ သူတပါးအကျိုး စွမ်းနိုင်သမျှ သယ်ပိုးမည်ဟူသော စေတနာကောင်းသာ မိမိ၏အတွင်း သန္တာန်၌ ထာဝစဉ် ဖူးပွင့်နေမည်ဆိုလျှင် ဤလောက၀ယ် ကုသိုလ်ကောင်းမှု ပြုနိုင်သည့်အခြေအနေ အချိန်အခါ အခွင့်အရေးများကား အနန္တပင်။
နေ့စဉ်နှင့်အမျှ ကုသိုလ်ကောင်းမှု ပြုဖြစ်အောင်ပြုသော အလေ့အထ စွဲမြဲလာလျှင် ကြာသော် ယင်းသို့ ပြုနေရခြင်းသည်ပင် မိမိ၏စိတ်နှလုံး၌ ကြည်နူးစရာ ဖြစ်လာပါသည်၊ ရွှင်လန်းချမ်းမြေ့စရာ ဖြစ်လာပါသည်၊ ကုသိုလ်ကောင်းမှု သန္ဓေတည် မွေးဖွားလာသော ပီတိနှင့် ရွှင်လန်းခြင်းကြောင့် ဘ၀သည် ပိုမို၍ နေပျော်စရာ ဖြစ်လာပါလိမ့်မည်၊ မိမိ၏ ဘ၀တန်ဘိုးလည်း မြင့်သည်ထက် မြင့်လာပါလိမ့်မည်။

မှတ်ချက်။ မင်းနန်-မော်ကျွန်း ၏ နှလုံးလှ အဆုံးအမတော်များ စာအုပ်မှ။

Sunday, September 28, 2008

ကိုးန၀င်း မိုးလင်းမှ သိမယ်

ဂုဏ်တော်ကိုးပါးဖြင့် လောကီအကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေသော အဓိဋ္ဌာန်ဖြစ်ပါသည်၊
အဓိဋ္ဌာန် ( ၉ )ဆင့် ရှိပါသည်၊ တဆင့်လျှင် သင်၏အရေးကြီးဆုံး ကိစ္စတခုကို ဆုတောင်းနိုင်သည်၊
အဓိဋ္ဌာန် ( ၉ )ဆင့် အောင်မြင်ချိန်၌ သင်၏ဆုတောင်းများ အံ့သြဖွယ်ရာ ပြည့်ဝနေမည်ဟု ကျွန်ုပ် ရဲရဲကြီး ယုံကြည်ပါသည်၊
သင်လည်း ၀င်ဖြစ်အောင် ၀င်ပါ၊ သင့်မိသားစုကိုလည်း ၀င်ရန် တိုက်တွန်းပါ၊
ဖော်ပြထားသော ဂုဏ်တော်အမှတ်စဉ်အတိုင်း စိပ်ပါ၊ ပုတီးပါတ်မှာလည်း ဂုဏ်တော်အမှတ်စဉ်အတိုင်း
( ၁ )ကျလျှင် တပါတ်စိပ်၍ ( ၂ )ကျလျှင် နှစ်ပါတ်စိပ်သွားရန် ဖြစ်ပါသည်၊
မည်သည့်နေ့တွင် မွေးဖွားသော သားသမီးမဆို ( တနင်္လာနေ့ )မှ စတင်၍ အဓိဋ္ဌာန်ဝင်ရောက်ရပါမည်။

( ၁ ) ပထမဆင့်
၁။ တနင်္လာ သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၂။ အင်္ဂါ ဘဂ၀ါ ၉-ပါတ်
၃။ ဗုဒ္ဓဟူး သုဂတော ၄-ပါတ်
၎။ ကြာသပတေး သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၅။ သောကြာ လောက၀ိဒူ ၅-ပါတ်
၆။ စနေ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၇။ တနင်္ဂနွေ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၈။ တနင်္လာ အရဟံ ၁-ပါတ်
၉။ အင်္ဂါ ဗုဒ္ဓေါ ၈-ပါတ်

( ၂ ) ဒုတိယဆင့်
၁။ ဗုဒ္ဓဟူး ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၂။ ကြာသပတေး အရဟံ ၁-ပါတ်
၃။ သောကြာ လောက၀ိဒူ ၅-ပါတ်
၎။ စနေ ဗုဒ္ဓေါ ၈-ပါတ်
၅။ တနင်္ဂနွေ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၆။ တနင်္လာ သုဂတော ၄-ပါတ်
၇။ အင်္ဂါ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၈။ ဗုဒ္ဓဟူး သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၉။ ကြာသပတေး ဘဂ၀ါ ၉-ပါတ်

( ၃ ) တတိယဆင့်
၁။ သောကြာ သုဂတော ၄-ပါတ်
၂။ စနေ သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၃။ တနင်္ဂနွေ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၎။ တနင်္လာ ဘဂ၀ါ ၉-ပါတ်
၅။ အင်္ဂါ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၆။ ဗုဒ္ဓဟူး လောက၀ိဒူ ၅-ပါတ်
၇။ ကြာသပတေး ဗုဒ္ဓေါ ၈-ပါတ်
၈။ သောကြာ ၀ိဇ္ဖာစရဏသမ္ပန္နော ၃-ပါတ်
၉။ စနေ အရဟံ ၁-ပါတ်

( ၄ ) စတုတ္ထဆင့်
၁။ တနင်္ဂနွေ လောက၀ိဒူ ၅-ပါတ်
၂။ တနင်္လာ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၃။ အင်္ဂါ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၎။ ဗုဒ္ဓဟူး အရဟံ ၁-ပါတ်
၅။ ကြာသပတေး ဗုဒ္ဓေါ ၈-ပါတ်
၆။ သောကြာ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၇။ စနေ ဘဂ၀ါ ၉-ပါတ်
၈။ တနင်္ဂနွေ သုဂတော ၄-ပါတ်
၉။ တနင်္လာ သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်

( ၅ ) ပဉ္စမဆင့်
၁။ အင်္ဂါ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၂။ ဗုဒ္ဓဟူး သုဂတော ၄-ပါတ်
၃။ ကြာသပတေး ဗုဒ္ဓေါ ၈-ပါတ်
၎။ သောကြာ သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၅။ စနေ ဘဂ၀ါ ၉-ပါတ်
၆။ တနင်္ဂနွေ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၇။ တနင်္လာ အရဟံ ၁-ပါတ်
၈။ အင်္ဂါ လောက၀ိဒူ ၅-ပါတ်
၉။ ဗုဒ္ဓဟူး ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်

( ၆ ) ဆဋ္ဌမဆင့်
၁။ ကြာသပတေး သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၂။ သောကြာ လောက၀ိဒူ ၅-ပါတ်
၃။ စနေ ဘဂ၀ါ ၉-ပါတ်
၎။ တနင်္ဂနွေ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၅။ တနင်္လာ အရဟံ ၁-ပါတ်
၆။ အင်္ဂါ ဗုဒ္ဓေါ ၈-ပါတ်
၇။ ဗုဒ္ဓဟူး သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၈။ ကြာသပတေး အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၉။ သောကြာ သုဂတော ၄-ပါတ်

( ၇ ) သတ္တမဆင့်
၁။ စနေ ဗုဒ္ဓေါ ၈-ပါတ်
၂။ တနင်္ဂနွေ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၃။ တနင်္လာ အရဟံ ၁-ပါတ်
၎။ အင်္ဂါ သုဂတော ၄-ပါတ်
၅။ ဗုဒ္ဓဟူး သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၆။ ကြာသပတေး ဘဂ၀ါ ၉-ပါတ်
၇။ သောကြာ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၈။ စနေ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၉။ တနင်္ဂနွေ လောက၀ိဒူ ၅-ပါတ်

( ၈ ) အဋ္ဌမဆင့်
၁။ တနင်္လာ ဘဂ၀ါ ၉-ပါတ်
၂။ အင်္ဂါ သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်
၃။ ဗုဒ္ဓဟူး သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၎။ ကြာသပတေး လောက၀ိဒူ ၅-ပါတ်
၅။ သောကြာ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၆။ စနေ အရဟံ ၁-ပါတ်
၇။ တနင်္ဂနွေ သုဂတော ၄-ပါတ်
၈။ တနင်္လာ ဗုဒ္ဓေါ ၈-ပါတ်
၉။ အင်္ဂါ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်

( ၉ ) န၀မဆင့်
၁။ ဗုဒ္ဓဟူး အရဟံ ၁-ပါတ်
၂။ ကြာသပတေး ဗုဒ္ဓေါ ၈-ပါတ်
၃။ သောကြာ ၀ိဇ္ဇာစရဏသမ္ပန္နော ၃-ပါတ်
၎။ စနေ အနုတ္တရောပုရိသဒမ္မသာရထိ ၆-ပါတ်
၅။ တနင်္ဂနွေ သုဂတော ၄-ပါတ်
၆။ တနင်္လာ သမ္မာသမ္ဗုဒ္ဓေါ ၂-ပါတ်
၇။ အင်္ဂါ လောက၀ိဒူ ၅-ပါတ်
၈။ ဗုဒ္ဓဟူး ဘဂ၀ါ ၉-ပါတ်
၉။ ကြာသပတေး သတ္ထာဒေ၀မနုဿာနံ ၇-ပါတ်

ဂုဏ်တော် ကွန်ချာ

၁။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ ။

၂။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၎။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။

၅။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒူံ သရဏံ ဂစ္ဆာမိ
လောက၀ိဒူံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၆။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရောပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရောပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။

၇။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာဒေ၀မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။

၈။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၉။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ
ဘဂ၀န္တံ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ ။

၁၀။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒူံ သရဏံ ဂစ္ဆာမိ
လောက၀ိဒူံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၁၁။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။

၁၂။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရောပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရောပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။

၁၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၁၄။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာဒေ၀မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။

၁၅။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၁၆။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၁၇။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ ။

၁၈။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ
ဘဂ၀န္တံ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ ။


( တနည်း ) ဂုဏ်တော် ကွန်ချာ
၁။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
အရဟံ မေ သုခံ ဒေတု
အရဟံ မေ သီသေ တိဋ္ဌတု ။

၂။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
သမ္မာသမ္ဗုဒ္ဓေါ မေ သုခံ ဒေတု
သမ္မာသမ္ဗုဒ္ဓေါ မေ သီသေ တိဋ္ဌတု ။

၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
ဝိဇ္ဇာစရဏသမ္ပန္နော မေ သုခံ ဒေတု
ဝိဇ္ဖာစရဏသမ္ပန္နော မေ သီသေ တိဋ္ဌတု ။

၎။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
သုဂတော မေ သုခံ ဒေတု
သုဂတော မေ သီသေ တိဋ္ဌတု ။

၅။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒူံ သရဏံ ဂစ္ဆာမိ
လောက၀ိဒူံ သိရသာ နမာမိ
လောက၀ိဒူ မေ သုခံ ဒေတု
လောက၀ိဒူ မေ သီသေ တိဋ္ဌတု ။

၆။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရောပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရောပုရိသဒမ္မသာရထိံ သိရသာ နမာမိ
အနုတ္တရောပုရိသဒမ္မသာရထိ မေ သုခံ ဒေတု
အနုတ္တရောပုရိသဒမ္မသာရထိ မေ သီသေ တိဋ္ဌတု ။

၇။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာဒေ၀မနုဿာနံ သိရသာ နမာမိ
သတ္ထာဒေ၀မနုဿာနံ မေ သုခံ ဒေတု
သတ္ထာဒေ၀မနုဿာနံ မေ သီသေ တိဋ္ဌတု ။

၈။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
ဗုဒ္ဓေါ မေ သုခံ ဒေတု
ဗုဒ္ဓေါ မေ သီသေ တိဋ္ဌတု ။

၉။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ
ဘဂ၀န္တံ သိရသာ နမာမိ
ဘဂ၀ါ မေ သုခံ ဒေတု
ဘဂ၀ါ မေ သီသေ တိဋ္ဌတု ။