Friday, January 16, 2009

မြတ်ဗုဒ္ဓနှင့် ဗာရာဏသီ

ဗုဒ္ဓမြတ်စွာလက်ထက်က ဤဗာရာဏသီမှ တရားထူးရသူ အများအပြားရှိသည်၊
ဘုရားရှင် မိဂဒါဝုန်၌ ပထမ၀ါဆိုတော်မူစဉ်ကပင် ဧဟိဘိက္ခု-လက်ယာတော်ရံ ရဟန္တာများ ဖြစ်ကြသည့် အရှင်ယသ, အရှင်ဝိမလ, အရှင်သုဗာဟု, အရှင်ပုဏ္ဏဇိ, အရှင်ဂ၀မ္ပတိ တို့သည် ထင်ရှားသော ဗာရာဏသီ သူဌေးသားများ ဖြစ်ကြသည်။

အရှင်ယသ၏ ခမည်းတော်ဖြစ်သော အဦးဆုံး တေ၀ါစိက ( ဗုဒ္ဓ, ဓမ္မ, သံဃ စကားသုံးခွန်းဖြင့် ) သရဏဂုံတည်သူ အရိယာ ဥပါသကာနှင့်
ဂိလာန ( သူနာ ) ပြုစုမှုတွင် အသာဆုံး ဧတဒဂ်ဆုရ သုပ္ပိယာ ဥပါသိကာမတို့လည်း ဗာရာဏသီဇာတိပင် ဖြစ်ကြသည်။

ဤဗာရာဏသီသည် အနာဂတ်ကာလ၌ ကေတုမတီ-နာမည်ဖြင့် ထင်ရှား၍ အရိမေတ္တေယျ ဘုရားရှင်
ပွင့်တော်မူရာမြို့ ဖြစ်လိမ့်မည်-ဟု ဆိုသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )

No comments: