Thursday, January 15, 2009

ကောင်းသူနှင့် ပေါင်းပါ

၁။ ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ် မှီဝဲပါ။
၂။ ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူ တတ်သည်သာ။
၃။ ပန်းမွန်မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေးတတ်သည်သာ။
၎။ တရား ကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့် မပေါင်းရာ
၅။ တရား ပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူ ပျက်မည်သာ။
၆။ တမာ ခါးသက်၊ မြစ်ရောယှက်၊ သရက် ခါးတတ်ပါ။
၇။ ငါးပိပုပ်ထုတ်၊ ဖက်ရွက်စုတ်၊ အဟုတ် နံတတ်ပါ။

( စစ်ကိုင်း ရွှေဟင်္သာဆရာတော် )

No comments: