Friday, January 16, 2009

ရနိုင်ခဲသောပုဂ္ဂိုလ် နှစ်မျိုး

၁။ ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်
၂။ ပြုဖူးသောကျေးဇူးကို သိပြီး ကျေးဇူးတုံ့ပြန်တတ်သောပုဂ္ဂိုလ်

ကျေးဇူးရှိဖူးလျှင် သက်ရှိပုဂ္ဂိုလ်ကို မဆိုထားဘိ၊ သက်မဲ့ကိုပင် ကျေးဇူးသိသင့်သည်ကို မာန်လည်ဆရာတော်က ဤသို့သတိပေးခဲ့သည်။
( သ၀ိညာဏက၊ မဟုတ်စွသေး၊ ရုက္ခဆာယာ၊ သစ်ရိပ်သာ၌၊ ရံခါတခိုက်၊ ကြုံကြိုက်နေနား၊ ခိုမိငြားက၊ ပြစ်မှားလိုလျက်၊ တရားပျက်၍၊ အခက်ကိုမျှ၊ မချိုးရဘူး၊
ချိုးက ဗာလ၊ မိတ္တဒုဗ္ဘော်၊ ပျက်ခေါင်းကျော်သည်၊ မတော်စရိုက် လူမိုက်တည်း။ )

သစ်ပင်ရိပ်ကို ခိုလှုံဖူးသူသည် အသက်မရှိသော ထိုသစ်ပင်၏ အကိုင်းအခက်ကို မချိုးမဖြတ်ကောင်း၊
ချိုးဖြတ်က လူမိုက်ပျက်ခေါင်ကျော်ကြီး ဖြစ်တော့သည်-ဟု ဆိုထားသည်။

No comments: