Friday, January 16, 2009

ငါ့ ဆန္ဒ

ရွှေငွေရတနာ ကြွယ်ဝပါလည်း
ချမ်းသာရေးတွက် ငါ-မမက်။

ကား အိမ် တိုက်တာ ပေါများပါလည်း
ဝင့်ဝါရေးတွက် ငါ-မမက်။

နတ်မယ်ကညာ နှစ်သက်ပါလည်း
ကြည်သာရေးတွက် ငါ-မမက်။

တဲနန်းသစ်ခက် မိုးကာယှက်၍
ကိုယ်ထက်ဆင်မြန်း မြတ်သင်္ကန်းနှင့်
မြတ်ရဟန်းသွင် မဂ်လမ်းခွင်ဝယ်
ပျော်ချင်စမ်းလှ ငါ့-ဆန္ဒ။

( အမည်မသိ ကဗျာဆရာ )

No comments: