Wednesday, January 14, 2009

အပျက်မျိုးစုံ ဤလူ့ဘုံ

၁။ ဆွေမျိုး, ဥစ္စာ၊ ပျက်တတ်ပါ၊ ကျန်းမာရေးလဲ ပျက်တတ်သည်။
၂။ အကျင့်ပျက်ငြား၊ အယူမှား၊ စွမ်းအား တုံးတတ်သည်။
၃။ အပျက်ငါးမျိုး၊ နောက်နှစ်မျိုးသာ၊ ကြောက်စရာ၊ ပါယ်ရွာ ပို့တတ်သည်။
၎။ ရှေ့သုံးမျိုးမူ၊ တရားယူ၊ နောက်မူ ပြင်ရသည်။

ပျက်စရာက ဆွေမျိုး, ဥစ္စာ, ကျန်းမာရေး, ကိုယ်ကျင့်တရား, အယူအဆ အတွေးအခေါ် အားဖြင့် ၅-မျိုးရှိပါတယ်။
အဲဒီငါးမျိုးထဲက တမျိုးမျိုးပျက်တဲ့အခါ အပျက်အတိုင်းထားပြီး ငေးမှိုင်နေရင် လူ့စွမ်းအားတွေ တုံးသွားတတ်ပါတယ်၊
အဲဒီအပျက်ငါးမျိုးထဲမှာ ရှေ့ ၃-မျိုး ပျက်ရုံနဲ့တော့ ထောင်မကျပါဘူး၊ အပါယ်မကျပါဘူး၊ စိတ်သာချပါ။
နောက် ၂-မျိုးပျက်မှသာ ထောင်ကျတတ် အပါယ်ရွာသို့ ပို့တတ်တာဖြစ်လို့ ကြောက်စရာကောင်းပါတယ်၊
ရှေ့ ၃-မျိုးပျက်လျှင် ဘယ်လိုမှ ပြင်ဖို့ လက်လှမ်းမမီတော့ဘူးဆိုရင် တရားအသိယူပြီး စိတ်ကို တရားနဲ့သာ ပြင်ပေးလိုက်ပါတော့။
နောက် ၂-မျိုးပျက်ရင်တော့ ကောင်းအောင် ပြန်ပြင်ပေးရမယ်၊ အပျက်အတိုင်းမထားဘဲ ပြန်ပြင်ပေးရင် အကောင်းဘက်ပြန်ရောက်လာပြီး ကောင်းကျိုး ဆောင်သွားပါတယ်။

( တိပိဋကဓရ အရှင်သိရိန္ဒာဘိဝံသ ( ယော) ဆရာတော် )

No comments: