Sunday, February 1, 2009

ခန္တီတရား

၁။ ခန္တီ ခန္တီ, ပါရမီ, အဆီပေါပါလှ။
၂။ ခန္တီတလုံး, အမြဲသုံး, လူမုန်းမခံရ။
၃။ လောကုတ် လောကီ,ကျိုးနှစ်လီ, ခန္တီပါမှ ပြီးနိုင်ကြ။
၎။ ဆယ်ပါးသုံးလီ, ပါရမီ, ခန္တီ ခဲယဉ်းလှ။
၅။ ခန္တီတခု, လက်ကိုင်ပြု, ပယ်မှု မရောက်ခန်း။
၆။ သုခ သုခ, ဆိုသမျှ, သည်းခံနိုင်မှ အမြန်ရ။
၇။ ဆိုဆဲကြမ်းတမ်း, နှုတ်သရမ်း, ခန္တီရေနှင့် ဆွတ်ကာဖြန်း။
၈။ ဖြန်းလို့ စိုပြန်, မိမိထံ, အမှန် မရောက်တမ်း။
၉။ မရောက်ခဲ့ပြန်, မပူပန်, အမှန်ချမ်းသာတမ်း။
၁၀။ မဂ်လမ်း ဖိုလ်လမ်း, သွားစခန်း, ခန္တီပါမှ ရောက်စတမ်။
၁၁။ မာန်မာနတက်, ဒေါသထွက်, ခန္တီလက်နဲ့ ပယ်ကာယမ်း။

( ဆရာကြီး ဒေါ်ဝဏ္ဏမာယီ )

No comments: