Monday, February 2, 2009

ဒိဋ္ဌဖလ

ကဿပခေါ် ဘွဲပတော်ထင်ရှာ
ဘုရားမြတ်စွာ ပွင့်ချိန်ခါဝယ်
မဟာဒုက်ကား ဆင်းရဲသားတည့်
ဝမ်းခါးမလှ နွမ်းပါးလှစွာ
ချို့ရှာသူတည့် ရှိဖူး၏။

မဟာဒုက်လျှင်
ရင်းတွင်းပေါ်လာ စေတနာနှင့်
သဒ္ဓါတရား လွန်ကြီးမား၏
စံထားစရာ နှိုင်းစရာလျှင်
ပမာမရှိ ရှားပါဘိ။

လုပ်အားနှင်းကာ မှန်စွာရရှိ
ဓမ္မိယလဒ္ဓ စင်ကြယ်လှပေ။
ရသစုံလင် ဆွမ်းဘောဇဉ်ကို
သုံးခွင်လုံးနတ် ဘုရားမြတ်အား
ဆက်ကပ်လှူဒါန်းပါချေ၏။

ထိုခဏမှာ
မဟာဒုက်အိမ် ၀င်းလက်ထိန်ပြီ
စိန်ရွှေရတနာ အဖြာဖြာတို့
မြေမှာ ထွန်းပ ပေါကြွယ်ဝ၍
ဒါနသူဌေး သတင်းမွှေးသည်
ပေးလှူခြင်း၏ ကောင်းကျိုးတည်း။

( နံ့သာမြေ-မောင်ဆွေဦး )

No comments: