Wednesday, February 4, 2009

အောင်ဂါထာ

မည်သည့်ရန်သူမျိုးမဆို အောင်မြင်ပြီး လိုရာခရီး ရောက်နိုင်သော ဂါထာ

ပထ၀ီ ဗလသုန္ဒရီ ၊ သဗ္ဗညူ ဗောဓိမဏ္ဍလေ ။
အသင်္ချေယျံ မာရသေနံ ၊ ဇယော ဇယတု မင်္ဂလံ ။

ပထ၀ီ ဗလသုန္ဒရီ-မြေထုမခြား ကြီးမားလွန်မင်း ကောင်းမြတ်သော သည်းခံခြင်းအား ရှိတော်မူသော။
သဗ္ဗညူ-ခပ်သိမ်းသောတရားတို့ကို အကြွင်းမရှိ သိတော်မူပြီးသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။
ဗောဓိမဏ္ဍလေ-မြေများဦးကိုင် မဏ္ဍိုင်သီရိ ဗောဓိပင်ခြေရင်း၌။
အသင်္ချေယျံ-သင်္ချာဖွဲ့ယှက် ရေတွက်မရ များပြားလှသော။
မာရသေနံ-မာရ်နတ်မင်း၏ စစ်သည်အပေါင်းကို။
ဇယော ယထာ-ပါရမီအဟုန် မြေ၀သုန် တုန်ဟည်းလျက် အောင်ခြင်းကြီး အောင်တော်မူသကဲ့သို့။
တထာ-မခြားနမူ ထို့အတူ။ မေ-ငါ့အား။ ( တေ-သင့်အား )။
မင်္ဂလံ-အောင်သင့်အောင်ကြောင်း မင်္ဂလာအပေါင်းသည်။
ဇယတု-ခရီးရောက်အောင် ပြီးမြောက်လျင်လျင် အောင်မြင်ပါစေသတည်း။

( မိုးကောင်း-ဒေ၀ကျောင်းဆရာတော် ဦးအာဒိစ္စ၀ံသ )

No comments: