Friday, February 6, 2009

လူထိုထိုကား

ကာယဟူဘိ ၊ နား မျက်စိနှင့်
ဣတ္ထိ ပုရိသ ၊ ဖြစ်လာကြတိုင်း
ရုက္ခ သီးပွင့် ၊ ခါ မလင့်ဘဲ
ရင့် တဖုတ်ဖုတ် ၊ ကင်း ဖြုတ်ဖြုတ်ဖြင့်။
ညှာပြုတ် ကြွေကျ ၊ မမြဲ ကြသို့
ဘ၀ ပျက်ပျို ၊ လူထိုထိုကား
ရွယ်ပျို ရွယ်လတ် ၊ ကျန်မလွတ်သည်
မချွတ် သေအံ့ အပြီးတည်း ။

( မန်လည်ဆရာတော် )

No comments: