Sunday, February 8, 2009

ဒုဋ္ဌဂါမဏိမင်း၏ ဂါထာတော်

အတီတေ ၀တ္တမာနေ စ ၊ ကုသလံ ပကတံ မယာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။

အတီတေ စ-လွန်လေပြီးသောဘ၀ လွန်ခဲ့သော အချိန်က၄င်း။
ဝတ္တမာနေ စ-ယခုပစ္စက္ခဘ၀ ယခုအချိန်မှ၎င်း။
( ပရေသံ-သူတပါးတို့၏။ သုခါယ-ချမ်းသာစေခြင်းငှါ။ )
ကုသလံ-ကောင်းသောစိတ်ထား ကောင်းသောအပြော ကောင်းသောအလုပ် တခုခုကို။
မယာ-ငါသည်။ ပကတံ-ကြံစည်ခဲ့ ပြောဆိုခဲ့ လုပ်ပေးခဲ့ဖူးပါ၏။
ဧတေန သစ္စ၀ဇ္ဇေန-ဤမှန်ကန်သော သစ္စာစကားကြောင့်။ မေ-အကျွန်ုပ်အား။ သောတ္ထိ-ကိုယ်ချမ်းသာ စိတ်ချမ်းသာခြင်းသည်။
ဟောတု-မတောင့်မတ မကြောင့်မကြရဘဲ လိုအင်ဆန္ဒ တလုံးတ၀တည်း ပြည့်စုံပါစေသတည်း။

( ဦးအောင်သိန်း-ပဲခူးမြို့ )

No comments: