Tuesday, February 10, 2009

သံဝေဂ ကဗျာ

မိုးပျံ မြေလျှိုး၊ အမျိုးမျိုးနှင့်၊
ပုန်းလျှိုးနေခို၊ မသေလိုဘဲ၊
ဤကိုယ်မုချ၊ မနေရဘူး။

လင်နှင့်မယား၊ သားနှင့်သမီး၊
မြေးနှင့်ဥစ္စာ၊ ဆွေမျိုးဉာနှင့်၊
မကွာမကွေ၊ မသေရဘဲ၊
အတူမြဲ၍၊ မကွဲတစိ၊ ဘယ်မှာရှိလိမ့်။

လူဖြစ်ကြုံလတ်၊ လူ့ဘုံရပ်၌၊
ထူးမြတ်သည်ဆို၊ ထိုကုသိုလ်ကို၊
ဟိုလဟိုနေ့၊ ချိန်မရွှေ့ဘဲ၊
ယနေ့ပင်သာ၊ အားထုတ်ရာ၏၊

သေချာဧကန်၊ နက်ဖြန်သဘက်၊
သေမည့်ရက်ကို၊ ချိန်းချက် မရှိ၊ ဘယ်သူသိလိမ့်။

( တောင်ပုလု ဆရာတော် )

No comments: