မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် အများအားဖြင့် ဥပါသကာအမည် ခံယူကြ၏။
ဥပါသကာဟူသည် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သူဟု အနက်ရ၏။
ဥပါသကာနှင့်ပတ်သက်၍ ဗုဒ္ဓအလိုတော်အရ နှစ်မျိုးနှစ်စား ခွဲထားသည်ကို အင်္ဂုတ္တရနိကာယ၌
အထင်အရှား ဖော်ပြထား၏။
တမျိုးမှာ ဥပါသကာကောင်း ဖြစ်၍ ကျန်တမျိုးမှာ ဥပါသကာညံ့ ဖြစ်သည်။
ဥပါသကာသည်
၁။ ယုံကြည်မှု သဒ္ဓါတရားမရှိ။
၂။ စောင့်ထိန်းမှု သီလမရှိ။
၃။ ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏။
၎။ မင်္ဂလာကိုသာ ယုံကြည်၍ ကံကို မယုံကြည်။
၅။ ဤသာသနာတော်မှ အပြင်ဘက်၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။
ဟူသော အချက်ငါးရပ်တို့ကို ကျင့်ကြံပြုမူသူ ဖြစ်၏။
ဤငါးရပ်တွင်
(၁) နှင့် (၂) သည် ထင်ရှားသိသာပါ၏။
(၃)ကား ကောတုဟလခေါ်သော ဒိဋ္ဌ, သုတ, မုတ-ဟုခေါ်ဆိုသည့် အကြား အမြင် အတွေ့တို့တွင် တိတ်နိမိတ် ယူ၍ ယုံကြည်စွဲလမ်းမှု ရှိခြင်းကို ဆိုလိုသည်။
(၄)ကား တန္တရ၀ါဒ, မန္တရ၀ါဒ စသည်တို့ကို လေ့လာလိုက်စားခြင်းကို ဆိုလိုသည်။
(၅)ကား မိမိကိုယ်ပိုင်အစွမ်းဖြစ်သော ဆန္ဒ, ၀ီရိယ, စိတ္တ, ၀ီမံသ ( ပညာ ) တို့ ယုတ်လျော့အားနည်းသွားစေ၍ မိမိကိုယ်ကို အားမကိုးပဲ ပြင်ပသူတပါးကို အားကိုးနေခြင်း၊ ရတနာသုံးပါးကို ၀တ်ကျေတန်းကျေ ဆည်းကပ်ပြီး သာသနာတော်မှ ပြင်ပဖြစ်သောပုဂ္ဂိုလ်များကို ယုံကြည်စွဲလမ်း အားကိုး ဆည်းကပ်ခြင်းကို ဆိုလိုသည်။
ဘုရားရှင်အလိုတော်ကျ ဥပါသကာညံ့ မဖြစ်ရလေအောင် အထက်ပါအချက်များကို ကြိုးစားရှောင်ရှား၍ ဥပါသကာကောင်းဖြစ်နိုင်ကြစေရန် ကျင့်ကြံအားထုတ်ကြလိမ့်မည်-ဟု မျှော်လင့်ပါသည်။
Thursday, February 12, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment