များစွာအာရုံ၊ ကာမဂုဏ်၊
ခုံမင်တပ်မက် လိုချင်သည်။
ကိလေသာဆိုး၊ ဘေးရန်မျိုး၊
လွှမ်းမိုးနှိပ်စက် ခံရသည်။
ငြိတွယ်ခင်မင်၊ ဒုက္ခ၀င်၊
အစဉ်ပူးကပ် လိုက်လေသည်။
လှေကွဲပျက်တွင်၊ ရေအယဉ်၊
သက်ဝင်ရောက်ပုံ တူလှသည်။
ဒုက္ခကင်းချင်၊ သတိယှဉ်၊
ခင်မင်ကာမ ရှောင်ရမည်။
အာရုံခင်မင်၊ စွန့်ပယ်လျှင်၊
ရေယဉ်သြဃ လွန်မြောက်သည်။
လှေထဲရေများ၊ သွန်ပယ်ရှား၊
ပေါ့ပါးလွယ်ကူ ကမ်းရောက်သည်။
လှေရေ ပမာ၊ ကိလေသာ၊
ရှောင်ခွာပယ်ထုတ် သွန်ရမည်။
ထုတ်ခွါပယ်လျှင်၊ နိဗ္ဗာန်ခွင်၊
ကပ်ဝင်ပေါ့ပါး ရောက်ရသည်။
စိတ်ကောင်းမထားက၊ ဆင်းရဲရ၏၊
စိတ်ကောင်းထားမှ၊ ချမ်းသာရ၏။
( တိပိဋကဓရ ဆရာတော် ဦးနေမိန္ဒ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment