တန်းတူတွေ့လျှင် မေတ္တာဝင်
မ၀င်နိုင်က ပြိုင်တတ်တယ်၊
ပြိုင်မည့်အစား မေတ္တာပွား
စိတ်ထားပြုပြင် ပြောင်းပါမယ်။
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်
မ၀င်နိုင်က နိုင်တတ်တယ်၊
နုင်မည့်အစား ကရုဏာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
ကိုယ့်ထက်သာလျှင် မုဒိတာဝင်
မ၀င် ဣဿာ ယိုင်တတ်တယ်၊
ယိုင်မည့်အစား မုဒိတာပွား
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
သဗ္ဗေသတ္တာ သတ္တ၀ါ
ကံသာမူလ ပိုင်ကြတယ်၊
ပိုင်သည့်အရေး စိတ်ကတွေး
အေးအေးမြမြ နေပါ့မယ်။
ရုပ်ကိုလဲပြင် စိတ်လဲပြင်
ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခနိဗ္ဗာန် တိုင်လိမ့်မယ်။
ဗြဟ္မစိုရ်လေးဆူ တရားဟူသည်
နတ်လူချစ်ဆေး ရှုတိုင်းမွှေးကို
မြတ်လေးဆောင်လွယ် ကင်းမပယ်က
တင့်တယ် ထက်တိုင်း ကြိုင်လိမ့်မယ်။
( မစိုးရိမ် ဦးဝိသုဒ္ဓါစာရာဘိဝံသ၏ သြ၀ါဒကထာ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment