ရိုးသား
ကြိုးစားခဲ့သူ...
ခြွေမချ
ကြွေကျမှ ကောက်တတ်သူ...
မျိုးခြား
မကိုးစားခဲ့သူ...
အမျိုးသား
တိုးပွားစေချင်သူ...
မှန်တာလုပ်
ဟုတ်တာပြောခဲ့သူ...
အများအကြိုက် ဆောင်မနေ
ဘုရားကြိုက်အောင် နေခဲ့သူ...
ခုတော့...သူ
နေပူပူမှာ ထီးဖြူဖိနပ်ပါး
လျှောက်သွားနေဆဲ တယောက်တည်းလေ
သင်းကွဲထိန်းသူ ဖြစ်မလား
ဆင်းရဲငြိမ်းသူ ဖြစ်မလား။
( ရည်မောင် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment