ကာလဒါန ၅-မျိုးမှာ
၁။ ဧည့်သည်အား လှူခြင်း။
၂။ ခရီးသွားအား လှူခြင်း။
၃။ လူနာအား လှူခြင်း။
၎။ ငတ်မွတ်ခေါင်းပါးသောအခါ လှူခြင်း။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ဦးစွာလှူခြင်း။ ဟူ၍ သတ်မှတ်ထားပါသည်။
စင်စစ် အလှူခံပုဂ္ဂိုလ်နှင့် အသင့်လျော်ဆုံးဖြစ်သော အလှူကို လှူခြင်းသည် ကာလဒါနပင် ဖြစ်၍ အလွန်မွန်မြတ်လှပေသည်။
လှူဒါန်းခြင်းသည် ရယူခြင်းမဟုတ်၊ မိမိပစ္စည်းကို တပါးသူအား ပေးအပ်ခြင်း စေတနာဖြစ်သည်၊
တနည်းအားဖြင့်-လောဘကို သတ်ခြင်းတည်းဟူသော အလောဘ ပွားများရေးကို ပြုခြင်းပင်ဖြစ်သည်။
ခံယူသူအတွက် အကျိုးထူးစေသည်နှင့်အမျှ မိမိအတွက်လည်း အလွန်အကျိုးထူးသော အပြုအမူပင်
ဖြစ်သည်။
ထို့ကြောင့်-( တတ်အားသမျှ၊ လှူဒါနနှင့်၊ သီလကြည်ညို၊ ချမ်းရိပ်ခို၍၊ ကုသိုလ်နှီးရင်း၊ စည်စေမင်း-)
ဟူသော ဂမ္ဘီရသာရ ဆုံးမစာနှင့်အညီ နည်းများမဆို အမြဲလှူဒါန်းလျက် ကုသိုလ်တရား ပွားများနိုင်ကြပါစေ-ဟု ဆန္ဒပြုလိုက်ပါသည်။
Tuesday, March 17, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment