Monday, March 16, 2009

လူသာကြီး၍ အချိန်မစီးသူ

မြတ်စွာဘုရား ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်လာဠုဒါယီမထေရ်သည် မင်္ဂလာပြုသော အိမ်များက ပင့်လျှင် လိုက်သွား၍ မင်္ဂလာမရှိသော တရားစကားများကို ဟောပြော၏။

နာမှုကိစ္စအတွက် ပင့်ခေါ်ရာသို့ လိုက်သောအခါ မင်္ဂလာရှိသော အကြောင်းအရာတို့ကို ဟောပြောတတ်၏၊
ဤသို့ အမြီးအမောက် မတည့်သော တရားများကို ဟောနေရာ ရဟန်းများက ဘုရားရှင်အား လျှောက်ထား၏၊

ဘုရားရှင်က ဤရဟန်းသည် သောမဒတ္တ ပုဏ္ဏားဘ၀က ဘုရင့်ထံ ၀င်ရောက်၍ နွားတောင်းရာ
( အရှင်မင်းကြီး ကျွန်တော်မျိုးအိမ်ရှိ နွားကို သိမ်းယူပါလော့-) ဟု မှားယွင်းပြောဆို၏။
ဗဟုသုတ မကြွယ်ဝသူသည် နွားနှင့်တူ၏ ဟူ၍ အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
အပ္ပဿုတာယံ ပုရိသော ၊ ဗလီဗဒ္ဒေါဝ ဇီရတိ ။
မံသာနိ တဿ ၀ဍ္ဎန္တိ ၊ ပညာ တဿ န ၀ဍ္ဎတိ ။

( မြန်မာပြန် )
အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းနှီး ကြီးထွားလာ၏။
ထိုယောက်ျားအား အသားတို့သာ တိုးပွားလာကုန်၏။
ပညာမူကား မတိုးပွား။

( ဆောင်ပုဒ် )
ကြားမြင်နည်းပါး၊ ဤယောက်ျားမူ၊ နွားလားတူစွာ၊ ကြီးရင့်လာ၏။
သူ့မှာများပြား၊ အသားတွေသာ၊ တိုးပွားလာ၏။
ပညာသော်ကား၊ မတိုးပွားတည်း။

( ဇရာဝဂ် လာဠုဒါယီထေရ၀တ္ထု )

No comments: