တခါသော် မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား
ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ-တို့ ကွဲပြားခြားနာပုံကို ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့၊ တရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ကြောက်ရွံ့တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ
၁။ သူ့အသက်ကို သတ်လေ့ရှိခြင်း။
၂။ မပေးသည်ကို ယူလေ့ရှိခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
၎။ မဟုတ်မမှန် ပြောလေ့ရှိခြင်း။
၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိခြင်းတို့ ဖြစ်၏။
ရဟန်းတို့၊ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်ကား ရဲရင့်တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ-
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ မပေးသည်ကို ယူုခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ မူးယစ်မေ့လျောခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှေင်ကြဉ်ခြင်းတို့ ဖြစ်၏။
( အင်္ဂုတ္တိုရ် ဥပါသကာဝဂ်၊ ၁-သာရဇ္ဇသုတ် )
Wednesday, March 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment