ကိုယ့်ကိုယ် အပြစ် ၊ ကိုယ်သာစစ်၍ ၊
အနှစ်ကိုရှာ ၊ သာသနာဝယ် ၊
မှန်ရာလိုက်ရေး ၊ ကိုယ်သာတွေးသို့ ၊
ကိုယ်မှု ကိုယ်တာ ၊ ကိုယ့်ပြစ်တာကို ၊
ကိုယ်သာမိမိ ၊ ကိုယ့်ဉာဏ်သိ၏ ။
ကိုယ်၏ကျင့်တာ ၊ ကိုယ့်သိက္ခာကို ၊
ကိုယ်သာလိမ်ကြည့် ၊ ကိုယ်သာသိ၏ ၊
ကိုယ်၏မက်တာ ၊ ကိုယ့်တဏှာကို ၊
ကိုယ်သာလက်ရှိ ၊ ကိုယ်ရိပ်မိ၏ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment