Monday, April 6, 2009

ဟာသ ( ၁ )

( ပိုကောင်းအောင် )

အမျိုးသမီးက တောင်းပန်လို့ ခင်ဗျား အရက်ဖြတ်တယ်ဆို၊
ဟုတ်ပါတယ်၊
အမျိုးသမီးရဲ့ မေတ္တရပ်ခံချက်ကြောင့် ခင်ဗျား ဖဲလည်းမကစားတော့ဘူးဆို ဟုတ်လား၊
အမှန်ပါပဲ၊
အမျိုးသမီးကြောင့် ဆေးလိပ်ပြတ်သွားတယ်လို့ သိရတယ်၊
ဟုတ်သပေါ့ဗျာ၊
ဒါနဲ့များ ဒီအမျိုးသမီးကို ခင်ဗျား ဘာကြောင့် လက်မထပ်ခဲ့တာလဲဗျ၊
ကျွန်တော့ အကျင့်စာရိတ္တ ကောင်းသထက် ပိုကောင်းလာအောင်ပေါ့ဗျာ။

No comments: