ကျောက်တုံးကို တောင်ပေါ်တင်ချင်လျှင် အတော် ကြိုးစားတင်ရ၏။
အောက်ချလျှင်တော့ ခဏကလေးနှင့် အလွယ်တကူ ချနိုင်၏။
ဂုဏ် အပြစ် အရာ၌ ဤနည်းအတိုင်းပင်။ ဤကား နီတိစကား။
ဂုဏ်လိုလျှင် အတော်ကြိုးစားရ၏၊ အပြစ်လိုလျှင်တော့ အလွယ်ပင်။
သင် အခက်လမ်း လိုက်လိုသလား။ အလွယ်လမ်း လိုက်လိုသလား။
ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်။
( သပြေကန်ဆရာတော် ဘဒ္ဒန္တ ၀ါသေဋ္ဌာဘိဝံသ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment