Wednesday, April 8, 2009

သြ၀ါဒ

အချို့သောသူတို့ကား ဒါနကုသိုလ်သည် မဂ်ဖိုလ်သို့ မဆောင်နိုင်၊ သံသရာရှည်ဖို့ဖြစ်၏၊
အကြောင်းမူကား-ဒါနမည်သည် စေတနာတရားပေတည်း၊
ထိုစေတနာတရားသည် မဂ္ဂင်ရှစ်ပါးတို့တွင် တစုံတခုသောမဂ္ဂင်၌ မပါမ၀င်၊
( မဂ်မျိုး-ဖိုလ်မျိုး ) မဟုတ်ဟု ဆိုကြ၏၊
မိုက်လေစွ၊ မှားလေစွ၊

အဘယ့်ကြောင့်ဆိုသော် ထိုဒါနစေတနာမှာ နိဗ္ဗိဒါဉာဏ်သည် ဦးစီးလျက်ရှိ၏၊
ထိုဉာဏ်သည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိဟူသော ဦးတည်မဂ္ဂင်ကြီးမျိုးဖြစ်၏၊
ထိုဒါနစေတနာနှင့်ယှဉ်သော သင်္ကပ္ပတရား၊ ၀ီရိယတရား၊သတိတရား၊ သမာဓိတရားများသည်
မ၈္ဂင်ရှစ်ပါးတွင် သမ္မာဝါယာမ၊ သမ္မသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော မဂ္ဂင်တရားမျိုး ဖြစ်၏။

( လယ်တီဆရာတော်ကြီး အရှင်ဉာဏဓဇ )

No comments: