Wednesday, April 8, 2009

ဟာသ ( ၁၁ )

( ကြက်သားဖြစ်သော နွား )

စားအသောက် ဇီဇာကြောင်လှသော ကျွန်မတို့ သမီးငယ်ကလေး မငြင်းပယ်နိုင်စေရန်အတွက် ကျွန်မနှင့် ကျွန်မအမျိုးသားတို့သည် မည်သည့်အသားကိုမဆို ကြက်သား-ဟုပြောကာ ထိုသမီးကလေးကို ကျွေးမွေးခဲ့ကြရပါသည်။

သို့ရာတွင် တခုသောအားလပ်ရက်တွင် ကျွန်မ၏မိဘများနေထိုင်ရာ လယ်တောသို့ ကားဖြင့်အလည်သွားရောက်ခဲ့ ကြပါသည်၊ ကားလမ်းဘေးတလျှောက်တွင် မြက်စားနေသော နွားများကို မြင်တွေ့ကြရပါသည်၊ ထိုအခါ အသက် ၆-နှစ်ရှိနေပြီဖြစ်သော ကျွန်မသမီးကလေးက-
မေမေ အဲဒီနွားတွေက ကြက်သားဖြစ်လာတာလား ဟင်-ဟု မေးလိုက်ပါတော့သည်။

No comments: