Wednesday, April 8, 2009

ဟာသ ( ၁၂ )

( ဦးဦးက ဒါလေးတောင် မသိဘူးလား )

ကျွန်မတို့မိသားစုမှာ မိသားစုဆရာဝန်ဖြင့် ပုံမှန် ကျန်းမာရေးစစ်ဆေးလေ့ရှိကြပါသည်၊
အသက် ရှစ်နှစ် ရှိပြီဖြစ်သော ကျွန်မသမီးကလေးကို ဆေးစစ်သောအခါ သမီးကလေးမှာ အငြိမ်မနေဘဲ တခိခိရယ်နေပါသည်၊

နောက်ဆုံးတွင် သူ့ကို ပက်လက်လှန်ခိုင်းပြီး သူ့နှလုံးကို ဆရာဝန်က စမ်းသပ်ပါသည်၊ ဆရာဝန်က နှလုံး၏ အခန်းများအားလုံး ကောင်း-မကောင်း သိသာရန် နှလုံး၏ဘယ်ဘက် ညာဘက် အပေါ်ဘက်နှင့် အောက်ဘက်များသို့ နားကြပ်ဖြင့်ထောက်၍ စမ်းသပ်ပါသည်၊ ထိုအခါ သမီးက ဆရာဝန်ကို နားမလည်သလိုကြည့်ပြီး-

ဦးဦးကလည်း နှလုံးဘယ်မှာရှိတယ် ဆိုတာကိုတောင် မသိဘူးလား-ဟု မေးလိုက်သည်။

No comments: