Saturday, April 4, 2009

အသက်ရှည်ကြောင်း

ပဉ္စိမေ ဘိက္ခဝေ ဓမ္မာ အာယုဿာ၊
ကတမေ ပဉ္စ။
သပ္ပါယကာရီ ဟောတိ၊
သပ္ပါယေ မတ္တံ ဇာနာတိ၊
ပရိဏတဘောဇီစ ဟောတိ၊
သီလ၀ါ စ၊
ကလျာဏမိတ္တော စ။
ဣမေ ခေါ ဘိက္ခဝေ ပဉ္စ ဓမ္မာ အာယုဿာ ။ ( အံ )

ရဟန်းတို့၊ အသက်ရှည်ခြင်း၏ အကြောင်းတရားတို့သည် ဤငါးမျိုးတို့ပေတည်း။
အဘယ်ငါးမျိုးတို့နည်း ဟူမူကား-
၁။ မိမိနှင့် သင့်လျော်သည်ကို ပြုကျင့်ခြင်း၎င်း၊
၂။ သင့်လျော်သည်ကို ပြုရာ၌ အတိုင်းအဆ ပမာဏကို သိရှိခြင်း၎င်း။
၃။ ကြေလွယ်ကျက်လွယ်သော အစာကို စားသောက်သုံးဆောင်ခြင်း၎င်း။
၎။ ကိုယ်ကျင့်သီလ ရှိခြင်း၎င်း။
၅။ အပေါင်းအသင်းကောင်း ( မိသားစု ပတ်ဝန်းကျင်ကောင်း ) ရှိခြင်း၎င်း။

ရဟန်းတို့ စင်စစ်အားဖြင့် ဤငါးမျိုးတို့သည် အသက်ရှည်ခြင်း၏ အကြောင်းတရားတို့ပင်တည်-ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေသည်။

No comments: