Sunday, May 3, 2009

သြ၀ါဒ

ဘာဝနာတရားကို ပွားများအားထုတ်နေသော သူမှာ ဣဒ္ဓိပါဒ်ခေါ် ပြီးမြောက်ကြောင်းတရား ၄-ပါးရှိ၏
၁။ အလိုဆန္ဒ ပြီးမြောက်ခြင်း။
၂။ အားထုတ်မှု ပြီးမြောက်ခြင်း။
၃။ ကြံစည်စိတ်ကူးမှု ပြီးမြောက်ခြင်း။
၎။ အမှန်သိမှု ပြီးမြောက်ခြင်း-ဖြစ်ပွားလျက်ရှိ၏။
ထိုဣဒ္ဓိပါဒ် လေးပါးကို ပွားများထားသော ပုဂ္ဂိုလ်မှာ တခြားအကြောင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါကိုပင် ပျောက်နိုင်ကြောင်း၊ အသက်တမ်းပြည့် ဖြစ်စေ၊ အသက်တမ်းထက် ကျော်လွန်၍ဖြစ်စေ အသက်ရှည်စွာ တည်နေနိုင်ကြောင်းများကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင်ပင် အကြိမ်ကြိမ် ဟောထားပေ၏။
ထိုဟောချက်များနှင့်အညီပင် ယခုခေတ် တရားအားထုတ်သော သူတို့ထဲမှ အချို့ပုဂ္ဂိုလ်များမှာ နှစ်ပေါင်းများစွာက ဆေးအမျိုးမျိုး၊ ဆရာအမျိုးမျိုးဖြင့် မပျောက်နိုင်သော ရောဂါများပင် တရားအားထုတ်ခြင်းဖြင့် အမြစ်ပြတ် ပျောက်ကင်းသွားသည်ကိုလည်း တွေ့ရ၏။

( မဟာစည် ဆရာတော်ကြီး-ဘဒ္ဒန္တသောဘဏ )

No comments: