Wednesday, May 6, 2009

မူလ မင်းကွန်း ဇေတ၀န်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနာရဒ

မူလ မင်းကွန်း ဇေတ၀န်ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းမြို့ မြောက်ဘက် မင်းကွန်းအနောက်ရှိ ကံကြီးကုန်းရွာ၌ ၁၂၃၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၅-ရက် စနေနေ့ ( ၁၆-၁-၁၈၆၉ ) တွင် ဖွားမြင်တော်မူခဲ့သည်။ အဖ ဦးညို+အမိ ဒေါ်ပိုင် ဖြစ်သည်။

၁၄-နှစ်သားအရွယ်တွင် သာမဏေပြုသည်။ သာမဏေဘွဲ့မှာ ရှင်နာရဒ ဖြစ်သည်။အသက် ၂၀-ပြည့်တွင် ရဟန်းပြုသည်။ ဆရာတော်ကြီးများထံတွင် စာပေပရိယတ္တိများ သင်ယူခဲ့သည်။ လက်ပံတန်းမြို့သို့ကြွ၍ စာဝါများ ပို့ချခဲ့သည်။ ထို့နောက် မင်းကွန်းအလယ်တောရ ဆရာတော်ကြီးထံ ခိုဝင်ဆည်းကပ်ခါ ပဋိပတ်လမ်းစဉ်များကို နည်းခံ၍ နေထိုင်တော်မူသည်။ သက်တော် ၃၇-နှစ် အရွယ်မှစ၍ ပဋိပတ်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့သည်။

သက်တော် ၄၀-တွင် မြို့လှသို့ကြွ၍ ၀ိပဿနာတရားများကို ညွှန်ပြဟောကြားတော်မူသည်။ ထိုမှ သထုံမြို့သို့ ကြွ၍ မင်းကွန်းဇေတ၀န်ကျောင်းကို တည်ထောင်ကာ သီတင်းသုံးတော်မူသည်။ ၁၃၁၆-ခုနှစ် တပေါင်းလဆုတ် ၁၀-ရက် ( ၈-၃-၁၉၅၅ )၊ သက်တော် ၈၆-နှစ်တွင် ပျံလွန်တော်မူသည်။ ဆရာတော်ကြီးသည် တရားဓမ္မများ ဟောပြောတော်မူရုံမျှမက ကျမ်းများလည်း ရေးသားပြုစုခဲ့သည်။ ကျမ်းပေါင်း ၂၃-ကျမ်း ရေးသားပြုစုတော် မူခဲ့သည်။

ဆရာတော်ကြီးကို တပည့်တပန်းတို့က ရဟန္တာအရှင်သူမြတ်-ဟု သမုတ်ကြကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

No comments: