Wednesday, June 24, 2009

သတိပဋ္ဌာန် ၀ိပဿနာ အားထုတ်ဖို့ရာ အခွင့်အခါ

( ၁ ) သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား ပွားများ အားထုတ်ခြင်းအလုပ်ကို လူဖြစ်နေရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၂ ) လူပင်ဖြစ်ရပါသော်လည်း အသက်မရှင်တော့လျှင် အားထုတ်၍ မရကြတော့ပေ။ အသက်ရှင်နေသည့် အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၃ ) အသက်ပင်ရှင်နေပါသော်လည်း သတိပဋ္ဌာန်ဝိပဿနာတရားများ မထွန်းကားသည့်အခိုက်မှာ အားထုတ်၍ မရကြပေ။ သတိပဋ္ဌာန်ဝိပဿနာတရား ထွန်းကားလာသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။
( ၄ ) သာသနာတော်ကြီးနှင့် တွေ့ကြုံရသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ဤကဲ့သို့ သတိပဋ္ဌာန်းတရား လေးပါးဖြင့် ၀ိပဿနာတရား အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။
သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရား အားထုတ်ခြင်းအလုပ်ကို မိမိတို့ လူဖြစ်နေသည့်အခိုက်မှာသာ အားထုတ်၍ ရကြပေသည်။

ငရဲဘုံဘ၀မှာ, တိရစ္ဆာန်ဘုံဘ၀မှာ, ပြိတ္တာဘုံဘ၀မှာ, ဖြစ်နေရသည့်အခိုက်၊
ရုပ်သာရှိ၍ နာမ်မရှိသည့် အသညသတ်ဘုံဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာမရှိသည့် ပစ္စန္တရစ်အရပ်မှာ ဖြစ်နေရသည့်အခိုက်၊
မိစ္ဆာဒိဋ္ဌိ ဖြစ်နေရသည့်အခိုက်၊
ဆွံ့အ ချို့တဲ့ ပညာမဲ့သည့်ဘ၀မှာ ဖြစ်နေရသည့်အခိုက်၊
သာသနာပ အခါမှာ လူဖြစ်နေရသည့်အခိုက်တို့၌ သတိပဋ္ဌာန်တရား ၄-ပါးဖြင့် ၀ိပဿနာတရားကို အားထုတ်၍ မရကြပေ။ ဤကဲ့သို့လည်း အားထုတ်ဖို့ရာ အခွင့်အခါကို အလွန်ပင် ရခဲကြပေသည်။

No comments: