ပြီးပြီ
ဘာဆို ဘာမှ မကျန်တော့ဘူး
ဗလာသက်သက် အလှပြတဲ့နေရာ
ဒီမြေမှာ သူတို့အနားယူကြပြီ။
မြင်နေတယ်
ကောင်းကင်မှာ အသားမပါတဲ့ ၀ိညာဉ်တွေ
မီးညွတ့်ကြားက ရုပ်သေဓာတ်ပုံတွေ
ပြိုလဲကျတဲ့ သက်ရှိခန္ဓာနဲ့ သက်မဲ့တွေ
အိုးစားကွဲ သေဆုံးခဲ့တဲ့ စကားလုံးတွေ
စံပယ်ပန်းတွေကြားက
တည်ငြိမ်နေတဲ့ မျက်လုံးများစွာတွေ။
ယပ်တောင်ရတယ်
သံဝေဂရတယ်
အပူထဲက ရေကြည်တပေါက်ရတယ်။
သေချာပါတယ်
အတွေးသက်သက်ဆိုတာ အရုပ်ထင်စေတာမှ မဟုတ်ဘဲ
စိတ်ကူးခံတပ်က စိမ့်ကျလာတဲ့ရေ
အခွင့်အရေးဆိုတာ သေပန်းပွင့်ချိန်ပါပဲ
ငါစောင့်နေရတဲ့ရက်တွေ။
( အေဖော်နိုင် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment