မနေရလို့ သေကြသောခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ
ပစ္စည်းစုစု တခုမပါ
ကိုယ်ပြုငြား ကံများပါမည်သာ
လက်ဖက်ရည်ဆိုင် မနက်ထိုင်ရင်း
ဆိုင်တွင်းနံရံ ပုံမှန်မြင်ရ
တရားပြသယောင် ဆောင်ပုဒ်ကလေး
အတွေးနယ်ချဲ့ ထိတ်လန့်ခဲ့တယ်။
ဒီဆောင်ပုဒ်လေး
ရေးသူမသိ သို့ပေသည့်လည်း
ရင်ထဲထိမှန် ပြန်လှန်ခံစား
အမှားပြင်ဆင် တရားမင်လေ
ဆင်ခြင်နေဘိ ဆိုသည့်အလား။
ဇရာဖက်နှင်
ရွယ်လွန်ရွေ့လျား နေ့များကုန်ရင်း
သေခြင်းတရား တံခါးခေါက်လာ
ငါတွေဝေရင်း လက်တွင်းဗလာ
ဘာယူသွားမလဲ တွေးနေဆဲ။
( ရွှေညာခိုင်စိုး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment