Wednesday, July 15, 2009

သြ၀ါဒ

ဗုဒ္ဓယဉ်ကျေးမှုစာပေကစ သင်ကြားနေခြင်း၊ ပို့ချနေခြင်းဟာ သာသနာတော်တာဝန်ကို ထမ်းနေခြင်းပါပဲ၊ ငါးပါးသီလ၊ ဆယ်ပါးသီလ ဆောက်တည် ကျင့်သုံးခြင်း၊ ပရိတ်ရွတ်၊ မေတ္တာပွားခြင်း၊ ၃၂-ကောဋ္ဌာသ ဓာတ်ကမ္မဋ္ဌာန်း အရိယာဝိဇ္ဇာလမ်း တရားပွားများနေခြင်း စသည်တို့ဟာလည်း သာသနာ့တာဝန် ထမ်းဆောင်နေခြင်းတွေပါပဲ။

အဲဒီလို သင်ကြားပေးခြင်း၊ ဗုဒ္ဓယဉ်ကျေးမှုအဆင့်ဆင့် ကျင့်ကြံလိုက်နာစေပြီး ယဉ်ကျေးအောင် နေထိုင်နိုင်ကြခြင်း တို့ဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ရဲ့ လူသားစွမ်းရည်အရင်းအမြစ် ဖွံ့ဖြိုးစေခြင်း ဖြစ်ပါတယ်။

( ရန်ကုန် နာဂလှိုင်ဂူ ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တဇာဂရာဘိဝံသ )

No comments: