ကလေးတို့ရေ အပေါင်းအသင်း မိတ်ဆွေချင်း ဆက်ဆံတဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်ကောင်း ပီသစွာ မိတ်ဆွေကောင်းတယောက်ဖြစ်ရန် ကိုယ်တိုင်လည်း ကြိုးစားသင့်တယ်၊ မိတ်ဆွေကောင်းဖြစ်သူကိုလည်း ပေါင်းသင်းတတ်ဖို့ လိုပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်းဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိဖို့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။
မိတ်ဆွေကောင်း-
၁။ ပေးဖို့ခက်တဲ့ တန်ဖိုးကြီးပစ္စည်းကို ပေးတယ်
၂။ လုပ်ဖို့ခက်တဲ့ အလုပ်ကို လုပ်ပေးတယ်
၃။ သည်းခံရခက်တဲ့ အပြောဆိုးတွေကို သည်းခံတယ်
၎။ သူ့ရဲ့ လျှို့ဝှက်ချက်ကို ကိုယ့်အား ပြောပြတယ်
၅။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို တခြားသူတွေအား ပြန်မပြောပြဘူး
၆။ ကိုယ့်မှာဘေးရန်တွေ ရောက်တဲ့အခါ ကိုယ့်ကို စွန့်မသွားဘူး
၇။ ကိုယ့်မှာ ဥစ္စာကုန်သွားလို့ ကိုယ့်ကို အထင်မသေးဘူး
Thursday, July 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment