Thursday, July 30, 2009

သြ၀ါဒ

လောကမှာ ပုဂ္ဂိုလ်သတ္တ၀ါမှန်သမျှ ဥတုသပ္ပါယ အာဝါသသပ္ပါယ ပုဂ္ဂလသပ္ပါယ ဘောဇနသပ္ပါယဆိုတဲ့ သပ္ပါယလေးပါးနဲ့ ပြည့်စုံဖို့ အလွန်အရေးကြီးတယ်။

ဥတုသပ္ပါယ ဆိုတာက-မိမိခန္ဓာကိုယ်နဲ့ ကိုက်ညီမဲ့ ရာသီဥတုမျိုး ဖြစ်ရမယ်။
အာဝါသသပ္ပါယ ဆိုတာက-အပူဒဏ် အအေးဒဏ် ကာကွယ်နိုင်တဲ့ နေရာမျိုး ဖြစ်ရမယ်။
ပုဂ္ဂလသပ္ပါယ ဆိုတာက-ပုဂ္ဂိုလ်အချင်းချင်း ညီညွတ်နေရမယ်။
ဘောဇနသပ္ပါယ ဆိုတာက-မိမိနဲ့ သင့်လျော်တဲ့ အစာအာဟာရ ရရှိနိုင်တဲ့နေရာမျိုး ဖြစ်ရမယ်။
ဒါမှသာ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ပြီး မိမိတို့လိုရာခရီးကို ရောက်နိုင်တယ်။

( ညောင်ပင်အိုင် ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒောဘာသ )

No comments: