( ၁ ) ပါတိမောက္ခသံဝရ သီလ-
အကျဉ်းအားဖြင့် ၂၂၇-သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်တို့ စောင့်ထိန်းရခြင်း။
( ၂) ဣန္ဒြိယသံဝရ သီလ-
ဣနြေ္ဒတို့ကို စောင့်ထိန်းရခြင်း။
( ၃ ) အာဇီဝပါရိသုဒ္ဓိ သီလ-
အသက်မွေးမှု စင်ကြယ်ရခြင်း။
( ၄ ) ပစ္စယသန္နိဿိတ သီလ-
ပစ္စည်းလေးပါးတို့ကို ဆင်ခြင်၍ သုံးဆောင်ရခြင်း-ဟု လေးမျိုးရှိ၏။
ထိုသီလလေးမျိုးတို့သည် ရဟန်းတော်များ စင်ကြယ်အောင် စောင့်ထိန်းရမည့် သီလများ ဖြစ်သောကြောင့် စတုပါရိသုဒ္ဓိသီလ မည်၏။
Thursday, July 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment