Thursday, August 20, 2009

တော်လိုက်တဲ့ စစ်ဆေးရေး

တောင်ပစ္စိဖိတ်မှာ အခြေစိုက်နေရတဲ့ ကျွန်မမောင် ဖြစ်သူက-
ဘော့ အမြဲသောက်တဲ့ ချောင်းဆိုးပျောက်ဆေးမျိုး လိုချင်ပါသည်-ဟု စာရေးလိုက်၏။
ကျွန်မ ခင်ပွန်းအား ပြလိုက်ရာ သူက-
မင့် မောင် လိုချင်တာက ကိုယ်သောက်နေတဲ့ ၀ီစကီကိုပြောတာကွ၊ ဒါပေမဲ့-အစစ်အဆေးတွေက ကျော်ဖြတ်သွားဖို့ သိပ်မလွယ်လှဘူး ထင်တယ်။

သို့သော်-- ကျွန်မတို့၏ မိတ်ဆွေ ဆေးရောင်သူတဦးက ဆေးပုလင်း အလွတ်တခုထဲ ၀ီစကီတွေထည့်ြ့ပီး ထိုပုလင်းပေါ်၌ ချောင်းဆိုးပျောက်ဆေး-ဟု ရေး၍ ကပ်ထားလိုက်၏။
မည်သို့ပင်ဖြစ်စေ ကျွန်မတို့၏ကြိုးပမ်းမှု အောင်မြင်လိုက်ပါသည်။ ကျွန်မမောင်သည် စစ်ဆေးရေးအရာရှိ၏ စာတိုကလေးကပ်ထားသော ပုလင်းလွတ်တလုံးကို တနေ့မှာ လက်ခံရရှိလိုက်သည် ဆိုပါ၏။ စစ်ဆေးရေး အရာရှိ ရေး၍ကပ်လိုက်သော စာတိုလေးမှာ-

ဆောရီးပဲ မိတ်ဆွေကြီးရေ၊ ခင်ဗျား ချောင်းဆိုးရောဂါထက် ကျုပ် ချောင်းဆိုးရောဂါက ပိုဆိုးနေတယ်ဗျ-ဟူ၏။

No comments: