( အနှစ် )
နေ့မအား ညမအား
ခဏ မနား ဖွေရှာ၊
ငါကိုယ်တိုင်ရှာမှီး
ပစ္စည်း ဥစ္စာ။
ရှာမဆုံး သံသရာ
ကြာရှည်စွာ မျှော်ကာကြည့်
တနေ့တွင် ပြည့်လိမ့်နိုး
မျှော်ကိုး ခုထိ။
ငါဖွေရှာ ငါ့ခရီး
ငါ့ပစ္စည်း ငါမပိုင်
ရန်မျိုးစုံ အဖျက်ကြီး
ပျက်စီးစေနိုင်။
အချိန်တန် ကိုယ်ကစွန့်
သူကစွန့် မြဲမခိုင်
အမြဲရင်ဆိုင် သဘာဝ
သို့ကြောက်စရာ
ကိုယ့်နောက်ပါ အမွေထုပ်ကို
ရွေးနှုတ်လှူမှ ။
( ဇာနည် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment