* လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ တရားများ ကိုယ့်သန္တာန်မှာ ဖြစ်သည့်အခါ မိမိအား မကောင်းကျိုးကိုသာ ဖြစ်စေတတ်၍ မိတ်ဆွေမဟုတ်။ ရန်သူသာဖြစ်သည်။ ထို့ကြောင့် ကိုယ်တွင်းရန်သူဖြစ်သော လောဘ၊ ဒေါသ၊ စသည်တို့၏ အလိုသို့ မလိုက်မိစေရန် သတိကြီးစွာ ထားပါ။
* သိသင့် သိထိုက် ရှောင်သင့် ရှောင်ထိုက် ကျင့်သင့် ကျင့်ထိုက်သောအရာတို့ကို မမေးမြန်းလျှင် ပညာဉာဏ် နည်းတတ်ပါသည်။
ထို့ကြောင့် ဖြစ်ရာဘ၀ ပညာဉာဏ်ကြီးမားအောင် သိသင့် သိထိုက် ရှောင်သင့် ရှောင်ထိုက် ကျင့်သင့် ကျင့်ထိုက်သောအရာတို့ကို သိနိုင် ရှောင်နိုင် ကျင့်နိုင်အောင် မေးမြန်းပါ။
( မန္တလေး ပေါက်မြိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂ၀ံသာဘိဝံသ မဟာထေရ် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment