Saturday, August 8, 2009

သြ၀ါဒ

အေး ၊ ချို၊ ဆိမ့် ၊ ဖန် ၊
စားသုံးပြန် ၊
လေးလံ ကိုယ်ခန္ဓာ ။

ချဉ် ၊ ငန် ၊ စပ် ၊ ခါး ၊
စားသုံးငြား ၊
ပေါ့ပါး ကိုယ်ခန္ဓာ ။



အများအကျိုး ၊ ရက်သည်ပိုးက ၊
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း ၊
မဖဲ့မစောင်း ၊ ကိုယ့်လမ်းကြောင်းကို ၊
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့ ။
( စစ်ကိုင်း ရွှေဟင်္သာ ဆရာတော်ကြီး )

No comments: