Friday, September 4, 2009

သင့်အတွက် သင့်အလုပ် သင်-အဟုတ်သိရဲ့လား

၁။ ဒိဋ္ဌိပျောက်ရန်၊ ရုပ်နှင့်နာမ်၊ မြင်ရန်အားထုတ် သင့်အလုပ်။
၂။ တယောက်တည်းသာ၊ ဆိတ်ငြိမ်ရာ၊ နေကာ အားထုတ် သင့်အလုပ်။
၃။ အဖော်မခင်၊ ကိုယ်တည်းပင်၊ တွင်တွင်အားထုတ် သင့်အလုပ်။
၎။ ပြောနဲ အိပ်နဲ၊ ကိစ္စနဲ၊ မြဲမြဲအားထုတ် သင့်အလုပ်။
၅။ အရွယ်ကောင်းစဉ်၊ ကျန်းမာစဉ်၊ တွင်တွင်အားထုတ် သင့်အလုပ်။
၆။ ၀ိပဿနာရင့်သန်၊ မဂ်ဆိုက်ရန်၊ အမြန်အားထုတ် သင့်အလုပ်။
၇။ ခွင့်သာဆဲတွင်၊ မြဲမြဲပင်၊ တွင်တွင်အားထုတ် သင့်အလုပ်။
၈။ ခွင့်သာခိုက်တွင်၊ အားတိုက်ပင်၊ တွင်တွင်အားထုတ် သင့်အလုပ်။
၉။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ ၀ိပဿနာအားထုတ် သင့်အလုပ်။
၁၀။ ၀ိပဿနာခေါ်၊ တရားတော်၊ ပျော်ပျော်အားထုတ် သင့်အလုပ်။
၁၁။ ပျင်းရိစိတ်များ၊ ပျက်ဖျောက်ထား၊ များများအားထုတ် သင့်အလုပ်။
၁၂။ သင့်ရဲ့အမှား၊ သင်သနား၊ များများအားထုတ် သင့်အလုပ်။
၁၃။ သေခြင်းကိုတွေး၊ ကုသိုလ်ရေး၊ မနှေးအားထုတ် သင့်အလုပ်။

No comments: