Monday, October 12, 2009

ကျေးဇူးရှင် ဒီပဲယင်းဆရာတော်ဘုရားကြီး၏ မေတ္တာအာသီသ

၁။ ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော။

နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော။

အဟံ-ငါသည်။ ပရေသံ-သူတပါးတို့၏။ ဟိတံ-အကျိုးစီးပွားကို။ ဣစ္ဆေယျံ-လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။

ပရောစ-သူတပါးသည်လည်း။ မေ-ငါ၏။ ဟိတံ-အကျိုးစီးပွားကို။ ဣစ္ဆတံ ဣစ္ဆတု-လိုလားနှစ်သက် ဆောင်ရွက်ပါစေသတည်း။

အဟံ-ငါသည်။ အညဿ-သူတပါး၏။ ဒုက္ခံ-ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို။ န ဣစ္ဆေယျံ-မလိုလား မနှစ်သက်ပါရစေလင့်။

ပရောစ-သူတပါးကလည်း။ မေ-ငါ၏။ ဒုက္ခံ-ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို။ မာ ဣစ္ဆတံ-မာ ဣစ္ဆတု-မလိုလား မနှစ်သက် မဆောင်ရွက်ပါစေသတည်း။


၂။ န ဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ဝိဟေသတံ ပရော။

န စ ဘဝေ အလံ ဝေရီ၊ မာ ဝေရီ ဟောတု မေ ပရော။

အဟံ-ငါသည်။ ပရံ ပါဏံ-အခြားတပါး သတ္တဝါများကို။ နဟိံသေယျံ-မညှဉ်းဆဲ မနှိပ်စက်ရပါလို။

ပရောစ-သူတပါးကလည်း။ မံ-ငါ့ကို။ မာ ဝိဟေသတံ-မညှဉ်းဆဲ မနှိပ်စက်ပါစေသတည်း။

အဟံ-ငါသည်။ ပရဿ-သူတပါး၏။ ဝေရီ-ရန်သူသည်။ န ဘဝေ-မဖြစ်ရပါလို။ ပရောစ-သူတပါးကလည်း။ မေ-ငါ၏။ ဝေရီ-ရန်သူသည်။ မာ ဘဝေ-မဖြစ်ပါစေသတည်း။


၃။ ကုမ္မဂ္ဂဉ္စ ဝိဝေဇတွာ၊ သုမဂံ္ဂ ယန္တု ပါဏိနော။

ဝင်္ကဉ္စာဟံ ဝိဝေဇ္ဇတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။

သဗ္ဗေ-အလုံးစုံကုန်သော။ ပါဏိနော-သတ္တဝါအပေါင်းတို့သည်။ ကုမ္မဂံ္ဂ-လမ်းမှား နည်းမှား ခရီးမှားကို။ ဝိဝေဇ္ဇတွာ-ရှောင်ရှားဖယ်ကြဉ်၍။ သုမဂံ္ဂ-နည်းမှန် လမ်းမှန် ခရီးမှန်ကို။ ဥဇုံ-ဖြောင့်ဖြောင့်မတ်မတ်။ ယန္တု-လိုက်သွားနိုင်ကြပါစေကုန်သတည်း။ အဟဉ္စ-ငါသည်လည်း။ ဝင်္ကံ-လမ်းကောက် လမ်းညစ်ကို။ ဝိဝေဇ္ဇတွာ-ရှောင်ရှား၍။ ဥဇုံ-ဖြောင့်ဖြောင့်မတ်မတ်။ သုမဂ္ဂကော-ကောင်းသောလမ်းမှန်ကို လိုက်သွားနိုင်သူသည်။ ဘဝေ-ဖြစ်ရပါစေသတည်း။

No comments: