Thursday, October 15, 2009

သြ၀ါဒ

၁။ သည်းခံမှုမရှိလျှင် အောင်မြင်မှု မရနိုင်။
၂။ မာန်မာနဒေါသသည် မည်သည့်အခါမျှ ကောင်းကျိုးမပြု။
၃။ ကောင်းတာကို ကောင်းမှန်းသိလျက် ကျင့်လည်း မကျင့်နိုင်ကြပါတကား။
၎။ မကောင်းတာကို မကောင်းမှန်းသိလျက် ပယ်လည်း မပယ်နိုင်ကြပါတကား။
၅။ လူဖြစ်ပေမယ့် လူလိုသိဖို့ရာ လွယ်တယ်မထင်နဲ့။
၆။ အနန္တောအနန္တငါးပါးမှတပါး အခြားကိုးကွယ်အားထားရာ မရှိဟုမှတ်။
၇။ ဓမ္မော ဟဝေ ရက္ခတိ ဓမ္မာစာရိံ-တရားစောင့်သောသူကို တရားက ပြန်စောင့်လိမ့်မည်။

( ဘဒ္ဒန္တ ဓမ္မာဘိဝံသထေရ် )
ဧရာဝတီတိုင်း ဇလွန်မြို့ မဟာနာဂ၀ံသသိမ်ကျောင်း ပဓာနနာယကဆရာတော်

No comments: