( ရွှေကျင်ဆရာတော် အစဉ်အဆက် ဆောင်ရွက်ခဲ့ကြသည် )
၁။ ဝိညာဉ်ကွေကွင်း၊ ငါ့ရုပ်ကြွင်း၊ ချက်ချင်း ခေါင်းထဲထည့်။
၂။ ခုတင်မှာပြောင်၊ အထည်ရှောင်၊ လှအောင်မပြင်နဲ့။
၃။ မီးပုံသို့သွင်း၊ တနေ့ချင်း၊ ချက်ချင်းမီးရှို့ဟဲ့။
၎။ မလောင်ပါလား၊ ပြောကြငြား၊ နင်နားမယောင်နဲ့။
၅။ ကုသိုလ်လိုလို၊ ဘာလိုလို၊ အပိုမလုပ်နဲ့။
၆။ တပါးနှစ်ပါး၊ သံဃာအား၊ တတ်အားသလောက်နဲ့။
၇။ သံဃာအားမူ၊ လှူသာလှူ၊ အကူမခံနဲ့။
၈။ ဤစာအရ၊ ပြုလုပ်ကြ၊ မုချချမ်းသာမကွဲ့။
၉။ နောင်လာနောက်သား၊ တပည့်များ၊ မှတ်သားလေကွဲ့ မမေ့နဲ့။
Tuesday, October 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment